Serendipity-37

664 90 2
                                    

" ဟမ်! ..မင်း...!!"

" Aw!! ..Su--Suga O-ppa!!! "

Jinhee သူလက်ရှိနေနေသော စံအိမ်တံခါးဝအား ဖွင့်လိုက်တော့ တွေ့လိုက်ရသော သူကြောင့် နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။

" O-oppa က ဒီကို...ဘာလို့ရောက်..??!"

" ဒါက မင်းကို ငါမေးရမှာ.."

ဟူ၍ ပြောပြီးပြီးချင်း suga အိမ်အတွင်းသို့ တိုးဝင်သွားသည်။ အိမ်၏အငွေ့အသက်မှာ လန်းဆန်း၍ သန့်ရှင့်နေသောကြောင့် သူတစ်ဖန် နောက်လှည့်ကာ သူ့အား အံ့အားသင့်စွာ ကြည့်နေသော မိန်ကလေးအား မျက်လုံးများတွန့်၍ ကြည့်သည်။

" မဟုတ်မှ လွဲရော မင်းက..?"

သူမလည်း သဘောပေါက်သွားကာ..

" Oppa က ဒီအပန်းဖြေအိမ်၍ ပိုင်ရှင်လား?"

သူမ၏ မေးခွန်းအား သူခေါင်းငြိမ့်ပြလိုက်သည်။

ဘာလို့ Jinhee မှဖြစ်ရတာလဲ?
ဘာလို့ ငါ BTS နဲ့အမြဲ ထိပ်တိုက်တွေ့နေရတာလဲ?

နှစ်ယောက်သားခေါင်းထဲတွင် ထိုအတွေးများဖြင့်သာ ပြည့်နှက်နေတော့သည်။

"Daebak!!"

                          •••••••••••••

"Hyung!!"

ဟူသော အသံတစ်ခုကြောင့် သူထိုင်နေရာမှ အနောက်သို့ လှည့်ကြည့်လိုက်သည်။

သူ့အဲ့ဒီအသံကို မှတ်မိသည်။ မျက်နှာပေါ် ချက်ချင်းပင် နေရာယူထားသော အရာတစ်မှာ အပြုံးတစ်ခုပင်။

သူ့နား တစ်ဖြည်းဖြည်း ကပ်လာသော ထိုလူငယ် ခြောက်ယောက်အား သူထကာ ဆီူးကြိုလိုက်သည်။

" Yah..Jimin မတွေ့တာကြာပြီနော်"

Jhope ၏ နှုတ်ဆက်စကား နောက်တွင် သူ၏ ပုခုံးပေါ်ကျရောက်လာသော Jhope လက်များအား သူလက်ခံရင်း ကျန်သော ခြောက်ယောက်အား ပြုံးပျော်စွာ နှုတ်ဆက်သည်။

စားပွဲရှည်ကြီးပေါ်တွင် မျက်နှာချင်းဆိုင် သုံးယောက်စီ ထိုင်ကာ စားပွဲထိပ်တွင် Jin က နေရာယူထားသည်။

Jungkook နှင့် Jimin မှာ မျက်နှာချင်းဆိုင်ဖြစ်သည်။ Jimin ဘေးတွင် Taehyung။

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now