၂ နှစ်ခန့်ကြာပြီးနောက်~
ပုံမှန်အတိုင်းပင် Jungkook နှင့် Jinhee တို့ တွေ့နေကြနေရာ ရပ်ကွက်ထဲရှိ ကစားကွင်းထဲတွင် တွေ့ရန် ချိန်းထားသည်။
Jinhee မရိပ်မိခဲ့ပါ။ Jimin ကိုးရီးယားနိုင်ငံမှ ထွက်လာခဲ့သည်မှာလည်း နှစ်နှစ်ပင်ရှိတော့မည်။
သူပျော်ပါစေတော့ ဟူသော စိတ်ကလေးဖြင့် ဟိုးအတွင်းထဲထိ နာကျင်နေသော နှလုံးသားငယ်ကို လျစ်လျူရှုကာ အဒေါ်ဖြစ်သူရှိရာ နယူးဇီလန်တွင်သာ ကျောင်းပြန်တက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။
သူမနှင့်အတူ တစ်ကျောင်းထဲတွင် နီးကပ်စွာရှိနေရက်နှင့် မပိုင်ဆိုင်ရသည်ထက်...
တစ်မိုးအောက် တစ်လေတည်း ရှုနေရက်နှင့် မပိုင်ဆိုင်ရသည်ထက်...
အဝေးမှ နေ၍ သူမနှင့် ဝေးကွားလွန်းသောကြောင့် မပိုင်ဆိုင်ရသည် ဟုသော အကြောင်းပြချက်က Jimin အား ခံစားရသည်မှ ပို၍ သက်သာစေသည်။
အရာအားလုံးကို မေ့လိုက်တော့မယ်...
မင်း အပါအဝင်။
Jungkook က မင်းအတွက် အကောင်းဆုံးလူဘဲ ဖြစ်မှာပါ။ မင်းရွေးချယ်ခဲ့ပြီးပြီဘဲ.....။
•~•~•~•~•~•~
" ငါတို့ လမ်းခွဲ ကြရအောင် "
Jungkook နားမလည်နိုင်စွာဖြင့် သူမအား စိုက်ကြည့်နေသည်။
သူ နေသားကျနေပါပြီ။
ဒါ အကြိမ်ကြိမ်ဖြစ်နေကျဘဲ..
သူမက အရမ်းကို သဝန်တိုလွယ်တာ..။အချိန်တွေကုန်လာသည်မှာ ကျောင်း၏ နောက်ဆုံးနှစ်ပင်ရောက်လာပြီ။
ထိုနည်းတူပင် BTS အဖွဲ့၏ အောင်မြင်မှုဟာလည်း တစ်စတစ်စ တိုးတိုးလာတော့ တစ်ကျောင်းလုံး ၏ အားပေးမှုသာမက အခြားကျောင်းများ၏ အားပေူချစ်ခင်မှုများပါ လက်ခံရရှိထားတယ်။
JIMIN ကိုတော့ ခဏတာ အနားယူသည်ဟုသာ ခေါင်းစဉ်တပ်ကာ အောင်မြင်ကျော်ကြားလာသည်နှင့်အမျှ သွားလေရာရာ လွတ်လပ်မှု မရှိတော့ပေ။
ထို့ပြင် အဖွဲ့၏ လူကြိုက်အများဆုံးလူမှာ Jungkook ပင် ဖြစ်နေလေတော့ ကပ်လာတဲ့ မိနိးကလေးများကို လွယ်လွယ် ခါချရန်မှာ ခဲယဉ်းလှသည်။
![](https://img.wattpad.com/cover/126111747-288-k14506.jpg)
YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...