Serendipity-23

762 119 9
                                    

ကျွန်မ အရမ်းအဲ့ဩပြီး စိတ်ပျက်မိတာတစ်ခုက..

အမေက ဒါတွေအားလုံးသိနေရက်နဲ့ ဘာလို့ ကျွန်မကို ဖုံးကွယ်ထားရတာလဲ??

ကျွန်မက ဒီဖြစ်ရပ် တွေအကုန်လုံးမှာ အဓိကကျတဲ့ ကာယကံရှင်တစ်ယောက်ဘဲ...။

" အမေ....သမီးကို အကုန်ပြောပြပေးပါ။ သမီး ရင်ထဲမှာ အရမ်းလေးနေတယ်...။ အခုမှ အကုန်မသိရင် သမီးရူးသွားတော့မယ်ထင်တယ်...."

ပြောနေရင်းပင် ရင်ဘတ်က စူးကနဲ အောင့်အောင့်လာတာကြောင့် လက်ကလေးနှင့်ဖိ၍ နှုတ်ခမ်းများကိုက်ကာ ကျမလို မျက်ရည်များကို ကြ်ုးစား ထိန်းနေသည်။

" အမေ...အကုန်ပြောပြမှာပါ...ဒါကြောင့် အခု စိတ်ခဏလျှော့ထားလိုက်သမီးး..."

အမေက ကျမကျော်ပြင်အား အသာအယာ ပွတ်သပ်ပေးသည်။

JINhee လည်း အသက်ကိုပုံမှန်ထိန်းရှုကာ စိတ်ငြိမ်သွားပြီးနောက်...

" အခုပြောလို့ရပြီ...အမေ"

အမေက ခေါင်းငြိမ့်ပြကာ ကျမရဲ့ လက်ကလေးများအား ဆုပ်ကိုင်ပေးသည်။

" သမီးမှာ အရင်ဘဝတုန်းက အရမ်းချစ်ရတဲ့ သူငယ်ချင်း တျောက်ရှိခဲ့တယ်သမီး။ အကုန်ပြောရရင် သူကသမီးကို သူငယ်ချင်းတျောက်ထက် ပိုချစ်ခဲ့တယ်။ သမီးကတော့ သူ့ကိုဘယ်လိုတွေးမလဲ မေမေ မသိခဲ့ပေမယ့် သူ့ဘက်ကတော့ သမီးကို ရူးလောက်အောင် သံယောဇဉ်တွေ တွယ်နေခဲ့ရှာတယ်..."

အမေပြောနေတဲ့ သူက မဟုတ်မှ..

" အမေ အခုပြောနေတာ ....Jungkook လားဟင်??"

အမေက ခေါင်းအသာအယာ ငြိမ့်ပြသည်။

Jungkook....
သူက ငါ့ရဲ့ အတိတ်ဘဝက သူငယ်ချင်းတဲ့လား....

" အမေ ဆက်ပြောပြဦးနော်..."

"အေးပါ သမီးရယ်..."

Past life,

(အမေပြောပြ နေတဲ့အကြောင်းတွေကို အရင်ဘဝက ဖြစ်ပျက်ခဲ့တာတွေဘဲ ရေးသွားမှာပါနော်။ နောက်ပိုင်း ပြီးတဲ့အထိ အတိတ်ကာလအနေနဲ့ ရေးသွားမှာပါ။ပြီးတော့ အိပ်မက်ရဲ့ အဆက်ကို ရေးသွားမှာပါ။ကျေးဇူးတင်ပါတယ် 😍😍)

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now