ကျမရှင့်မျက်နှာ ကို မြင်တွေ့ခွင့်မရဘူးလား...
ကျွန်မ မေးလိုက်သော မေးခွန်းတစ်ခုက သူ့အတွက် အဖြေပေးရန် အရမ်းများ ခက်ခဲလွန်းသွားသလား..
ဘာလို့ ကျွန်မက ရှင့်ကို မြင်တွေ့ခွင့်မရနိုင်တာလဲ..
ကျမရှင့်မျက်နှာကို မမြင်တွေ့ဘဲ ကျမရှင့်ကို ဘယ်လ်ုယူံကြည်ရမလဲ..
ရှေ့ဆက်ပြီး ဘယ်လိုလုပ် ရှင့်အပေါ် ခံစားချက်တွေ ဆက်လက် သိမ်းထားနိုင်မလဲ..
"Hmm?"
" ကိုယ့်ကို အဲ့လောက်တောင် တွေ့ချင်နေပြီလား? ကိုယ်က အဆင်သင့်မဖြစ်သေးရင်ကော"
" ဘာလို့အဆင်သင့်မဖြစ်ရမှာလဲ? ရှင့်ရုပ်ရည်က ဘာများပြဿနာဖြစ်နေလို့လဲ"
" ကိုယ်က...သေပြီးသားလူပါကွာ..
ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ ကိုယ့်မျက်နှာကို မင်းမြင်ပြီး စိတ်ပျက်သွားမှာ စိုးရိမ်မိတယ်.."" ကျမက စိတ်မပျက်ဘူးဆိုရင်ကော.."
"မင်း သေချာလို့လား ?"
တကယ်တော့...
ပထမဆုံး Jimin ကျွန်မဆီ မက်ဆေ့ခ်ျပို့တဲ့ နေ့ကစပြီး ညတိုင်း ထူးဆန်းတဲ့ အိမ်မက်တွေ ညတိုင်းလိုလို မက်နေတယ်..ဒီညလည်း မက်ဦးမှာ အဲ့လိုဘဲ မနက်ဖြန်ညလည်း မက်ဦးမှာဘဲ..
အိပ်မက်ထဲမှာ ကျမနဲ့ အမျိုးသား တစ်ဦး..
ကြည့်ရတာ ကျွန်မတို့က အရမ်းချစ်ကြတဲ့ ချစ်သူတွေလ်ုဘဲ အရမ်းပျော်နေခဲ့တာ..အိပ်မက်မက်နေတဲ့ အချိန်ဆို ကျွန်မမျက်နှာလည်း အရမ်းကို ပြုံးနေမိမှာ သေချာတယ်..
ပြီးတော့ တွေးမိတယ်..
သူ့လို ကျမကို အရမ်းချစ်ပြီး ဂရုစိုက်ပေးတဲ့ ယောက်ျးမျိုး အပြင်မှာ သာ တွေ့ရရင် ဘယ်လောက်ကောင်းမလဲ လို့..ပြီးတော့ နောက်ထပ် တွေးမိတာ တစ်ခုက..
သူကသာ Jiminများ ဖြစ်နေမလားလ်ု့..ကျမက သူ့က်ု မသိပေမယ့် သူက ကျမကို သိနေတယ်..
ကျမဘယ်လောက်ဘဲ သူကျမဆီမလာနိုင်အောင် တားလည်း ကျမအနားဘဲ ကပ်နေတဲ့ သူ့ဆီကနေ..
YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...