Jimin ဆိုးလ်ကို ပြန်ရောက်လာပြီးကတည်းက စိတ်မချမ်းသာနိုင်။ အေးတိအေးစက် သူ့အား ဆက်ဆံနေသော Jinhee ကြောင့်ပင်။
ဘာ့ကြောင့်လဲ ဆိုတာ နောက်ပိုင်းသူ သိလိုက်ပါသည်။ သူ့ချစ်သူလေးက တစ်ကယ်တော့ သဝန်တိုနေတာ။
" မင်းနဲ့ Yoon Jimin က သူငယ်ချင်းတွေမှန်း မင်းမှ မပြောခဲ့တာကို.."
" ကျွန်မပြောရင် သွားမတွေ့ဘဲနေမှာလား? ဘာတဲ့ Blind date? သူနဲ့ဘဲ လက်ထပ်လိုက်တော့"
" ဟာ Jinhee ကလည်း ဘာတွေပြောနေတာလဲ...ကိုယ်က Jinhee လေးကိုဘဲ လတ်ထပ်မှာ.."
Jinhee လည်း မျက်နှာဆူပုပ်ကာ လက်ကိုင်လျက် Jimin အားကျောပေးထိုင်လိုက်သည်။
" Jinhee?"
ဘာထူးသံမှပြန်မလာ။
" Jinhee~~"
ဒီတစ်ခါလည်း သူမ၏ ကျောကိုသာ တွေ့နေရသည်။
" ကိုယ်တောင်းပန်ပါတယ် Jinhee လေးရယ်။ ကိုယ်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် စိတ်မဝင်စားကြဘူးဆို..။ ပြီးတော့ ကို့အဒေါ်တို့ကိုလည်း မင်းအကြောင်းပြောပြလိုက်ပြီ"
ထိုအခါ သူမဆီမှ အသံတိုးတိုးလေးအား ကြားရတော့သည်။
" သူတို့ဘာပြောလဲ?"
Jimin ပြုံးလိုက်ကာ..
" သဘောတူတယ်တဲ့"
" ဘာကိုလဲ?"
" လက်ထပ်ဖို့ကိုလေ"
ခဏတာ တိတ်ဆိတ်သွားသည်။ သေချာပါသည်။ ကောင်မလေး ရှက်နေတယ်ဆိုတာ။
တစ်ကယ်တော့ Jimin က Jinhee အား ဒီညနေ ချိန်းတယ်ဆိုတာ အကြောင်းရင်းရှိပါသည်။
သို့ပေမယ့် နယူးဇီယန်မှ ပြန်လာပြီး ပထမဆုံး ဒိတ်မို့လို့ အထင်လွဲနေတာ မပြေသေးသည်နှင့် အလုပ်ရှုပ်တော့သည်။
ဒါပေမယ့် ဒီလို သဝန်တို စိတ်ကောက်တတ်တဲ့ချစ်သူရထားတော့လည်း ချော့တတ်အောင် သင်ထားရမယ်လေ။
Jimin သူ၏အိတ်ထဲမှ ငွေရောင်ဗူးလေးအား ထုတ်လိုက်သည်။ စတုရန်းပုံ ဘူးလေးအား အရိုအသေ ကိုင်ကာ နောက်ကျောတွင် ဝှက်ထားကာ Jinhee ၏ အရှေ့တွင် ဒူးထောက်လိုက်သည်။
ESTÁS LEYENDO
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasíaⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...