Serendipity-8

1.3K 181 0
                                    

မိုးတွေ အရမ်းရွားနေတယ်...

တစ်ပေါက်ပေါက် ကျနေတဲ့ မိုးစက်လေးတွေကြား ဘယ်ကိုလျှောက်သွားရမှန်းမသိ တွေဝေနေတဲ့ သူမ...

သူမကို ကယ်တင်ပေးခဲ့တဲ့သူက ဘယ်သူမှန်းလဲမသိရ...
အခု သူ့ကိုလွှတ်ပေးပြန်တော့လည်း...
နေရာစိမ်းဖြစ်နေတော့ အိမ်ပြန်လမ်းကို စဉ်းစား၍မရ..

ခြေဦးတည့်ရာ လျှောက်သွားနေတုန်း မိုးက အလိုက်တသိ ရွားချလိုက်တော့လေသည်။

'ရက်စက်လိုက်တာ မိုးရယ်'

တဖြည့်းဖြည်းနဲ့ ညနေတောင်စောင်းလာရောပေါ့...
တောအုပ်လိုလို လမ်းဘေးဘယ်ညာတွင် သစ်ပင်များသာ ကာရံထားသော ပတ်ဝန်းကျင်ကြောင့် လေများတိုက်ကာ အေးချမ်းလို့နေသည်။

ပုခုံးလေးများကို လက်လေးဖြင့်ပွတ်သပ်ကာ..
ကိုယ့်ကိုယ် ကို နွေးထွေးအောင် ကြိုးစားနေရပါသော်လည်း မသုံးမဝင်...

ထို့နောက် မျက်လုံးထဲ ပြေးမြင်မိသည်ကား...

" မင်းအန္တာရယ်ထဲ ကျရောက်နေရင်လည်း ကိုယ် ကာကွယ်ပေးမယ် "

အကုန် အလိမ်အညာတွေချည်းပါလား...
သူ့ကို ယုန်ခဲ့မိတာ ကိုယ့်အမှားပါဘဲလေ...

တရွေ့ရွေ့ လျှောက်နေရင်း...
အေးစက်မှုကြောင့် ခြေလက်များတုန်လာလေပြီ...

နှုတ်ခမ်းများလည်း ပြာလာတာကြောင့် ကွေးနေရန် ဆုံးဖြတ်မိသည်..

သစ်ပင်ကြီးတစ်ပင်၏အောက်တွက် ဒူးထောင်၍ ထိုင်ချလိုက်သည်..
ကျောကလည်း သစ်ပင်၏ ကြီးမားလှသော ပင်စည်ကြီးအား အမှိပြုထားကာ...
နွေးထွေးမှု ရရန်ကြိုးစားနေသည်..

တရဆက် ရွာနေသော မိုးနှင့် ပြင်းထန်စွာ တိုက်ခတ်နေသော လေတို့လည်း ပို၍ သည်းထန်လာသလ်ုလိုပင်...

သို့ပေမယ့်...
ကျောပြင်က အမှီပြုထားသော မာကျောသော သစ်ပင်ကြီး သည်..နှုးညံ့လာသည်..

ကျမ၏ ပုခုံးထက်ဝယ်လည်း ခံစားမှုတစ်ခု..
တစ်ယောက်ယောက်ရဲ့ ခေါင်းက ကျမရဲ့ ဘယ်ဘက်ပုခုံးလေးပေါ် မှေးတင်ထားသလို..

သူ့ရဲ့ နွေးထွေးတဲ့ ရှုထုတ်လိုက်သော လေများကိုလည်း ခံစားနေမိသည်..

ပြီးတော့ ခံစားမိတာမဟုတ်ဘဲ.....
ကိုယ်တိုင် မြင်တွေ့လိုက်ရတာက..

လက်နှစ်ဖက် အနောက်ဘက်မှ ထွက်လာကာ ကျမ၏ လက်များပေါ် ထပ်တူကျလျက် တင်ထားသည်....

ကျမမျက်လုံးများပြူးသွားကာ အသားကုနွအော်ဟစ်မိသည်။

"အား!!! ဘယ်သူလဲ ကျမကိုလွှတ်"

အတင်းရုန်းနေသော ကျမအား ချုပ်လိုက်ကာ နားထဲတွင် လာပြောလိုက်သည်က..

" Shuuh!!  ငြိမ်ငြိမ်လေးနေ "

ဒီအသံ...
ကျမကြားဖူးနေသော အသံ..

" Ji- Jimin လား?? "

" မကြောက်ပါနဲ့ ကိုယ်မင်းကိုပစ်မထားပါဘူး.."

သူ..သူတကယ်ရောက်လာခဲ့တာလား?

ကျမ သူ့ကိုတွေ့ချင်ဇောဖြင့်အနောက်လှည့်ကာ သူနှင့်မျက်နှာချင်းဆိုင်ရန် ကြိုးစားမိတော့...

သူက ကမေပါးနှင့် သူ့ပါးကပ်ကာ တားဆီးလို့နေသည်...

နွေးထွေးလိုက်တဲ့ သူ့ရဲ့ ပါးလေး ...
မိုးတွေတောင် ဆဲနေပါရောလား...

" ဒီတိုင်းလေးဘဲနေ.."

အမိန့်ပေးနေတဲ့ သူ့ရဲ့ သဘောအတိုင်း...

" ဒါနဲ့ ဘယ်လိုရောက်လာတာလဲ.."

" ကိုယ်က တစ်ကယ်တော့ မင်းဘေးမှာ အချိန်တိုင်းရှိနေတာပါ..ဒါကိုမင်းမှတ်ထားပေး လေပြေတွေထဲမှာလည်း ကိုယ်ရှိတယ်...မိုးရေတွေထဲလည်း ကိုယ်ရှိနေတယ်..နေရာတိုင်း ဘယ်နေရာမဆို မင်းရှိရင် ကိုယ်ရှိတယ်.."

" ဒါဆို..ရှင်က ကျမကို ကယ်ခဲ့တာလား..."

ဘာမှပြန်ပြောသံမကြားရတော့တဲ့အတွက်....ကျမစိတ်ပူမိသည်..

သူထွက်သွားပြီလားလို့...
အငွေ့နဲ့တူတဲ့ သူ...

တကယ်တော့ သူထွက်မသွားပါဘူး...

ကျမကိုယ်လုံးလေး နွေးထွေးမှုတွေနဲ့ ပြည့်နှက်နေသေးတယ်လေ...

" Ji- Jimin !"

"Hmm"

" ကျမရှင့်မျက်နှာကို မြင်တွေ့လို့မရဘူးလား..."

•••••••••••••••

ပျင်းစရာကောင်းသွားရင် sorry ပါနော်...
ကြိုးစားနေတုန်းမို့ပါ..

Please Vote and Feed back..

Thank you so much for reading , my readers

Love u ❤

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now