"..ကိုယ် မင်းကို အခုထိ ပိုင်ဆိုင်ချင်နေတုန်းဘဲ"
"ဒီ အခါ လက်လွတ်ခံတော့မှာ မဟုတ်ဘူး...."
လက်ကောက်ဝတ်အား အတင်းအကျပ် ဆုပ်ကိုင်ထားထာ လက်ရာများထင်ကာ အနီရောင် သန်းလို့နေပြီ..
ရုတ်တရက် JK ၏ ထူးဆန်းသော အပြုအမူက..
Jin Hee အား ထိတ်လန့်စေသလို...ပြောလိုက်သော စကားများကြောင့်လည်း နားလည်ရခက် ဖြစ်နေသည်။
သို့သော် အရေးကြီးသည့် အချက်မှာ Jin Hee လွတ်နိုင်မည် မထင်သည့် ရှုံးပြီးသား ပြိုင်ပွဲ ကဲ့သို့ပင် JK ၏ လက်ထဲမှ ရုန်းထွက်ရန် လမ်းမမြင်တော့ပေ။
တစ်ယောက်ယောက် ကျေးဇူးပြုပြီး တစ်ယောက်ယောက် ကျမကို လာကယ်ပေးပါ!! ကယ်တင်ပေးပါ!!
တဖြည့်းဖြည်း နီးကပ်လာသော သူ၏ မျက်နာကြောင့် ကျမ မျက်လုံးများအား တင်းတင်း မှိတ်ထားမိသည်...
တစ်ကိုယ်လုံးလည်း ရုန်းထားသော အရှိန်ကြောင့် အားမရှိဘဲ ပျော့ခွေ သွားသော်လည်း ရုန်ထားသမျှ အလကားသာ ဖြစ်လေတော့..
ဒီအတိုင်းအရှုံးပေးလိုက်ရတော့မှာလား?ဒီအတိုင်း အဆုံးသတ်သွားပြီလား??
မျက်လုံးများမှိတ်ထားရင်း ကြက်သီးများပါ ထလာတော့သည်။
ဒါပေမယ့်..
သူ..
ဘာလို့..
ကျမကို..
ဘာမှမလုပ်သေးတာလဲ..ရုတ်တရက် ကျမ၏ လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသော ထိုလက်အစုံတွေ ဖြေလျော့သွားလေပြီ..
တင်းကျပ်ကာ ကြောက်စိတ်များဖြင့် လွှမ်းမိုးနေသော ပတ်ဝန်းကျင်ဟာလည်း မရှိတော့သယောင်..
ထူးဆန်းလွန်းသဖြင့် မျက်လုံးများဖွင့်ကာ ကြည့်မိတော့...
အရှေ့တွင် တိုက်ခိုက်နေသော..
လူနှစ်ယောက်..
တစ်ယောက်က JungKook..
သို့သော် နောက်တစ်ယောက်က ကျမကို နောက်ကျောပေးထားသောကြောင့် မည်သူမည်ဝါမှန်းမသိရ...
ဒီအခွင့်အရေးကို အသုံးချကာ...အိမ်အောက်ထပ်အ မြန်ဆင်းသွားမိသည်။
YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...