တစ်လတောင်ရှိသွားပြီ။ Jimin နဲ့ ကျွန်မလည်း ဖွင့်ပြောပြီးကတည်းက တွဲနေခဲ့ကြပြီ။ ဒါပေမယ့် ဒီနေတော့ သူနဲ့ ကျွန်မခွဲရဖို့ အကြောင်းဖန်လာတယ်။ သူ့အလုပ်နဲ့ ပတ်သက်ပြီး နယူးဇီလန်သို့ ခဏပြန်ရမည်တဲ့။
" Bye Jinhee "
ကျွန်မနဲ့သူ့ကြား မှန်တစ်ချက်နဲ့ ခြားမသွားခင် ချိုမြိန်လှတဲ့ အပြုံးတွေနှင့်အတူ နဖူးပေါ်တွင် သူ၏နူးညံ့သော နှုတ်ခမ်းအား ခံစားမိလိုက်သည်။
" စောင့်နေမယ် ."
မျက်ရည်ကျချင်သလိုလို ဖြစ်လာတာကြောင့် မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်နေသော ကျွန်မမျက်နှာအားသူ့လက်နှစ်ဖက်ဖြင့် ညင်သာစွာ အုပ်မိုးဆုပ်ကိုင်လိုက်ပြီး မျက်လုံးများအား အနီးကပ်လာ၍ စိုက်ကြည့်သည်။
" ဘ-ဘာ လုပ်နေတာ လဲ"
ကျွန်မလည်း သူ့အပြုအမူလေးကြောင့် နေရခက်လာတာကြောင့် ပါးများလည်းနီရဲလာသည်။
သူက ကျွန်မပုံစံအား ကြည့်ကာ အသားကုန်ထရယ်သည်။
" ပြီးရင် ပြန်လာမှာကို ဘာလို့ ငိုမဲ့မဲ့ဖြစ်နေတာလဲ ကိုယ့်ရဲ့ ကလေးလေး..."
ပါးလေးနှစ်ဖက်အား လက်မဖြင့် အသားကုန်ညှစ်ဆွဲတော့ Jinhee လည်း Jimin ပါးများအား ပြန်ဆွဲလိုက်သည်။
လေယာဉ်ကွင်းထဲတွင် တစ်ယောက်ပါးတစ်ယောက်အပြန်အလှန်ဆွဲကာ နှစ်ယောက်တစ်ကမ္ဘာ ဖြစ်နေသော ထိုစုံတွဲ..
နောက်ပိုင်း ဖြစ်လာမယ့်အရာတွေကို ကြံ့ကြံ့ခံနိုင်ပါ့မလား....
•••••••••
" မေ့ပစ်လိုက်စမ်းပါ "
မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ခေါက်ဆွဲအေးအား အသားကုန် ကုန်း၍စားနေသော Jungkook အား အဆက်အစပ်မရှိ ပြောလိုက်သည်။
" ဘာကိုမေ့ရမှာလဲ မင်းစကားကလည်း အဆက်အစပ်မရှိ.."
" Jinhee ဆိုတဲ့ မိန်းကလေးကို ပြောနေတာ "
Jinhee ဆိုသော နာမည်အသုံးအနှုန်းကြောင့် သူလုပ်နေသမျှ ရပ်တန့်လိုက်မိသည်။
ထို့နောက် အရှေ့တွင်ရှိသော ထိုမိန်းကလေးအား ကြည့်လိုက်ကာ....

YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...