Serendipity-15

1K 136 3
                                    

" ကိုယ့်ကို ချစ်လား Jin Hee..."

ဒီမေးခွန်းရဲ့ အဖြေက သေချာပေါက်..

ချစ်တယ်ဘဲ ဖြစ်သင့်မှာပေါ့။

ကျွန်မတို့နှစ်ယောက်က အတိတ်ဘဝက ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် ရှင်က အတိတ်ဘဝလူ။ ဒါပေမယ့်ကျွန်မက အတိတ်လူ မဖြစ်နိုင်တော့ဘူးလေ။ ကျွန်မက အကြိမ်ကြိမ် ပြန်လည် မွေးဖွားခဲ့ပြီးပါပြီ။

ကျွန်မ ဝန်ခံပါတယ်။ ရှင့်ကို တွေ့ရင် ဘယ်ဘက် ရင်အုံက ဂနာမငြိမ် ဖြစ်လာတတ်တာ။ ရှင့်ကို မတွေ့တော့ရင် စိတ်ပူသွားတတ်တာ။

ဒီလိုတွေဖြစ်နေတာနဲ့ဘဲ ကျွန်မက ရှင့်ကို ချစ်နေတာတဲ့လား။ ဒီခုန်နေတဲ့ နှလုံးသားလေးက အစစ်အမှန် ဖြစ်နိုင်ပါ့မလား။

သစ်ရွက်လေးတွေ လှုပ်နေတာ မြင်ရင်တောင် ခုန်တတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်လို့ထားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ပါ။

ဒီခံစားချက်တွေ တစ်နေ့ ပျောက်ကွယ်သွားနိုင်သလို ထာဝရ တည်ရှိနေနိုင်ပါတယ်။

ချစ်တယ် ဆိုတဲ့ စကားလုံးတွေဟာ အရမ်းကိုလေးနက်လွန်းပါတယ်။ ကျွန်မ ရှင့်ကို ထာဝရ မချစ်နိုင်တော့မှာ စိုးရိမ်မိတယ်။

ဒီမေးခွန်းကို အခုအချိန် မဖြေပါရစေနဲ့။
စကားလုံးတွေက လေးနက်လွန်းလို့ တာဝန်မယူနိုင်မှာ စိုးတယ်..........။

                     •••••••••••••••••

ကိုယ့်ကို ချစ်လား ဆိုတဲ့ မေးခွန်း။

အချိန်မတန်သေးမှန်း ကျွန်တော် သိလို့နေပေမယ့် ဒီဘဝမှာလည်း သူ့ကို ဆုံးရှုံးမှာ အရမ်းကြောက်မိပါတယ်။

သူ့ကို ချစ်ခဲ့မိတာဘဲ အမှားဖြစ်သွားသလား။ ဒါမှမဟုတ် ကျွန်တော့်ကို သူပြန်ချစ်လာအောင် ကြိုးစားခဲ့မိတာဘဲ အမှားလား။

ကျွန်တော် တစ်ဖတ်သတ် အနေနဲ့ဘဲ သူ့ဘေးမှာ အစ်ကို တျောက်လို ရှိနေပေးခဲ့မယ်ဆိုရင်။ သူအခုချိန် မဟုတ်ဘူး အတိတ်ဘဝ အချိန်က Jungkook  နဲ့အတူ ပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်နိုင်ခဲ့မှာပေါ့။

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now