Serendipity-20

792 118 0
                                    

" Jin Hee ကိုယ့်ကိုချစ်လား"

Jimin သည် သူအရှေ့မှ ရပ်နေသော မိန်းကလေး၏မျက်ဝန်းများအား သေချာကြည့်ကာ မေးလိုက်သည်။

မျက်လုံးများ ဂနာမငြိမ်ကာ ဟိုကြည့်သည်ကြည့်နှင့် သူမမှာ ဖြေရခက်နေပုံပေါ်သည်။

" ကျွန်မလည်း...ရှင့်ကို..."

Jinhee စကားကိုဆုံးအောင်မပြောရလိုက်ခင်ဘဲ တံခါးက ရုတ်တရက် ပွင့်လာလေသည်။

တံခါးလက်ကိုင်ကို မလွှတ်ဘဲ ရပ်နေသည်မှာ Jihee ရဲ့အမေဖြစ်သူပင်။

" အေ...ေမ..."

ရုတ်တရက်မို့ လန့်သွားသည်ထက် jimin ကိုများတွေ့သွားမလား ဆိုသည့်စိုးရိမ်စိတ်က ပို၍ အလေးသာနေသည်။

" အမေ နဲ့စကားခဏ ပြောရအောင် Jinhee"

Jinhee ခေါင်းငြိမ့်ပြလိုက်ပြီး အမေနှင့်အတူ လိုက်ပါသွားတော့..Jimin မှာ သက်ပြင်းချ၍သာ ကျန်နေခဲ့တော့သည်။

•~•~•~

" အမေ..ဘာပြောစရာရှိလို့လဲ"

နောက်ကျောပေးနေရာမှ သမီးဖြစ်သူထံ လှည့်လာကာ လက်လေးများကို ဆုပ်ကိုင်လိုက်သည်။

" Jinhee..သမီး အတွက် အမေ ဝမ်းနည်းမိပေမယ့် သူ နဲ့တော့ မဖြစ်ဘူး.."

အမေ..ဘာတွေပြောနေလဲ နားမလည်တော့။ သူ က ဘယ်သူလဲ?

" ဘာတွေပြောနေတာလဲ အမေ"

Jinhee စကားအဆုံးတွင် အသံပါ တုန်သွားသည်။

"  အမေ အားလုံးသိတယ်...Jimin အကြောသ်းကို"

ဒီတစ်ခါတော့Jinhee မျက်လုံးများပြူးသွားသည်။ဓ

အမေက ဘယ်လိုလုပ်..? မဖြစ်နိုင်ဘူး..?

" အမေ က ဘာကိုသိတာလဲ?"

အမေဖြစ်သူ မျက်ရည်များကျကာ..

" ဘာဘဲဖြစ်ဖြစ် သူနဲ့တော့မဖြစ်ဘူး။ သမီးတို့က ဘဝခြားနေတာလေ "

Jinhee ကြောင်တောင်တောင်နှင့်ပင်။ ဘာပြောရမှန်းလဲ မသိတော့။

မသိလိုက်ခင်မှာဘဲ မျက်ရည်တစ်ပေါက်ကျလာသည်။

" ဒါပေမယ့် အမေ...သမီးသူ့ကို ချစ်တယ် "

သူမ၏အမေကတော့ မျက်မှောင်ကျုံ့၍ ခေါင်းခါ၍သာ ငြင်းနေတော့သည်။

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now