Serendipity-18

852 109 0
                                    

Present time))

"Jinhee ဘယ်သွားမလို့လဲ"

အကြားအာရုံထဲ ဝင်ရောက်လာသော အသံတစ်ခုကြောင့် Jin hee အိမ်အပြင်ဘက်သို့ ဦးတည်နေသော ခြေလှမ်းများ ရပ်တန့်သွားသည်။

အော်~
Jimin ကိုပြောဖို့ မေ့ပြီး ထွက်လာခဲ့တော့မလို့...။

"အမေ့ဆီသွားမလို့။ အမေက ဒီနေ့ဆေးရုံဆင်းတော့မှာလေ"

စကားဆုံး ပြီးနောက် Jiminအား မချိပြုံးလေး ပြုံးပြကာ တစ်ဖန် ခြေလှမ်းများ စတင်ပြန်သည်။ သို့သော် အနောက်ဘက်မှ Jiminက သူမ၏ လက်တစ်ဖက်ကို ဆွဲထားသည်။

သိပ်မကြာလိုက် Jin Hee အား သူ၏ ရင်ခွင်ထဲသွင်းကာ ဆံပင်လေးများအား သပ်နေပေးလျက်...

"ဒါဆို အမေ က အိမ်ပြန်လာတော့မှာပေါ့နော်"

သူ၏ အသံများက အားပျော့ကာ တိုးညင်းနေသည်။

သူနေမကောင်းဘူးလား..?

" အင်း...။ ဘာလို့လဲ? Oppa က မကြိုက်ဘူးလား? "

သူက သက်ပြင်းတစ်ချက်ချလိုက်ကာ..

"မကြိုက်တာ မဟုတ်ပါဘူး။ အခုလို မင်းနဲ့ ကို အတူတူ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေလို့ ရပါတော့မလား စဉ်းစားနေတာ.."

သူပြောတဲ့ စကားလုံးတွေကြောင့် ကျမလည်း တွေဝေမိသွားသည်။

ဟုတ်တယ်..အမေပြန်လာရင်တော့ သူနှင့် လွတ်လွတ်လပ်လပ် နေနိုင်မည်မဟုတ်။ ဒါပေမယ့် သူ့ကို ဘယ်သူမှ မမြင်နိုင်တာဘဲ။ သူက ဘာတွေများ စိတ်ပူနေတာပါလိမ့်။

"Oppa ရယ်။ အခု နောက်ကျတော့မယ် နောက်မှပြောကြရအောင်။ နော်..~"

တင်းကျပ်စွာ ဖက်ထားသော လက်မောင်းများလည်း ပြေလျော့သွား
သည်နှင့် ကျမ သူ့ဘက်လှည့်၍ ပြုံးပြပြီး လက်ပြ နှူတ်ဆက်လိုက်သည်။

သူက ရုတ်တရက် ကျမကို ပြန်လည် လှမ်းဆွဲဖက်ကာ နှုတ်ခမ်းပါးထက်သို့ လျင်မြန်စွာ အနမ်းတစ်ပွင့် ခြွေပြီးသည်နှင့် ပြန်လွှတ်ပေးကာ အိမ်ထဲဝင်သွားတော့..

မျက်လုံး ပြူးကာ ကြောင်တောင်တောင် နှင့် ကျမရပ်နေမိသည်။

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now