Serendipity-31

682 107 0
                                    

" Park Jimin??!!!"

ကြမ်းပြင်ပေါ်တွင် ဖရိုထရဲ လဲကျနေသော ကျမက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သူ၏နာမည်အား လှမ်းအော်မိသည်။

သူကလည်း ကျွန်မအား တွေ့တော့ အံ့ဩသွားသည့်ဟန်ရှိသော်လည်း မျက်နှာတည်တည်ဖြင့်သာ ကျွန်မအား ကြည့်နေသည်။

သူက Park Jimin ကောဟုတ်ရဲ့လား?
ပြောင်းလဲသွားလိုက်တာ..။
ဒါမှမဟုတ်
ငါဘဲ လူမှားနေတာလား?

JINHEE တွေးနေမိသည်။

Jimin မှာလည်း ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်လုံးထည့်ကာ ရုပ်တည်ဖြင့်သာ Jinhee ထံသို့ တစ်လှမ်းခြင်း လှမ်းလာသည်။

ဝန်ထမ်းများမှာလည်း တိတ်ဆိတ်စွာစောင့်ကြည့်နေရာ Jimin ၏ ဘွတ်ဖိနပ် မြည်သံကပင် အဆောက်အဦတစ်ခုလုံးအား လွှမ်းမိုးနေသည်အထိပင်။

Jimin သူမရှေ့ရောက်တော့ ရပ်ကာ ခြေထောက်ထောက်ကာ ထိုင်ချလိုက်သည်။

" ဒီအကျီင်္က အရမ်းဈေးကြီးတာ...မင်း လျော်ပေးနိုင်မလား..ဒါမှမဟုတ် အလုပ်ထုတ်ပစ်ရမလား? "

ထိုစကားကိုကြားသော Jinhee အပါအဝင် ဘေးမှ ဝိုင်းကြည့်နေကြသော သူများအားလုံးလည်း အံ့ဩသွားကာ စကားသံတွေကြောင့် တဖြည်းဖြည်းဆူညံလာသည်။

သို့သော် Jimin ၏အကြည့်များ Jinhee ထံမှ မလွှဲ။

မမြင်တာကြာပြီမလားး?
မတွေ့ရတာ ဘယ်လောက်လွမ်းနေရလိမ့်မလဲ?
တွေ့မှတွေ့ ဒီလိုပုံစံတော့ မတွေ့ချင်မိဘူး...

Jinhee ခမျာ တံတွေးမြိုကာ မျက်ဝန်းများထဲတွင်လည်း မျက်ရည်စများက တဖြည်းဖြည်းရစ်ဝဲလာသည်။

ထိုစဉ်...

" တောင်းပန်ပါတယ် သူဋေးး...ကျွန်တော့်အမှားပါ။ ကျွန်တော် သူ့ကို ဆုံးမလိုက်ပါ့မယ်.."

မန်နေဂျာမှ အပြေးအလွှားရောက်လာကာ Jimin အား တောင်းပန်သည်။

သို့သော် မန်နေဂျာ၏စကားကြောင့် ကုမ္ပဏီတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ရပြန်သည်။

Park Jimin က C-CEO တဲ့လား!!!

အံ့ဩသထက် အံ့ဩရသူမှာ Jinhee ပင်။

Jimin သက်ပြင်းတစ်ချက်ချကာ..မတိတပ်ထလိုက်ပြီး..

" ထားလိုက်တော့
...ပြီးမှ ရုံခန်းကိုလာခဲ့.."

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now