အချစ်??
အချစ်ဆိုတာ ပျော်ရွှင်ခြင်း၊ ချိုမြိန်ခြင်းတွေလို့ လူတွေ ကောက်ချက်ချကြသလို..နာကျင်မှုတွေ ကြေကွဲမှုတွေ ပေါင်းစည်းထားတဲ့ စွန့်လွှတ်ပေးဆပ်ခြင်းလို့လည်း ကောက်တတ်ကြပြန်ပါတယ်..
တစ်ကယ်တော့ အချစ်ဟာ ပျော်ရွှင်ခြင်း၊ ချိုမြိန်ခြင်းတွေ နဲ့ စွန့်လွှတ်ပေးဆပ်ပေးဆပ်ခြင်းတွေဆိုပြီး မပြောနိုင်ပါဘူး..
ကာယကံရှင်အပေါ်ဘဲ မူတည်နေတာပါ။
ကိုယ်နဲ့ ဖူးစာပါသူကို ချစ်မိရင် ပျော်ရွှင်ရသလို..
ဖူးစာမပါသူကို လွမ်းလွမ်းဆွတ်ဆွတ်ချစ်နေရတာဟာလည်း နာကျင်စရာကောင်းလွန်းလှပါတယ်။
•••••••••
အချစ်ကို ဒီရင်ထဲ ပေါက်ဖွားစေခဲ့တဲ့ သူ့ကိုဘဲ အပြစ်တင်ရမလား? ကျွန်တော့ကိုယ် ကျွန်တော်ဘဲ အပြစ်တင်ရမလား??
သေချာတာကတော့ ကျွန်တော် နောက်ကျသွားခဲ့ပြီဆိုတာဘဲ။
အချိန်..
လူတွေကအမြဲပြောကြတယ် အချိန်ကတန်ဖိုးရှိတယ်တဲ့။ ငွေနဲ့ဝယ်လို့လည်း မရဘူးတဲ့။ကျွန်တော်လည်း သိခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ နောက်မကျအောင်ပြင်ဆင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဘယ်အချိန်နောင်တရမယ်ဆိုတာလည်း ကြိုသိနိုင်လောက်အောင် ကျွန်တော်တို့လူသားတွေက အနာဂတ်ကိုလည်း မပိုင်ဆိုင်ထားဘူးလေ။
သူကျွန်တော့်ကို ကြည့်တဲ့အကြည့်တွေနဲ့တင် လုံလောက်နေပါပြီ။ အရမ်းနာကျင်နေရပါပြီ။
Jin Hee ရယ်..
အတိတ်ကိုသာ ပြန်သွားနိုင်မယ်ဆို..
တို့နှစ်ယောက်အတူတူရှိခဲ့တဲ့အချိန်တွေဆီ ပြန်ရစ်လိုက်ချင်တယ်..####
လွန်ခဲ့သောနှစ်ပေါင်းများစွာက...
"Hi နင့်နာမည်က ဘာလဲ? ငါက Jin Hee"
ကိုယ့်ကိုယ်ကို မိတ်ဆက်ရင်း ကျွန်တော့ထံ လက်ကမ်းကာ ပြုံးပြနေသော ထိုကလေးမလေးအား ကျွန်တော် စိုက်၍သာကြည့်နေမိသည်။
သူမ ပြုံးပြနေရင်း ပိုပြုံးသထက်ပြုံးပြတော့ ကျွန်တော် အနည်းငယ်ရှက်သွားမိသည်။ ထို့ကြောင့် နီရဲတက်သွားသော ပါးပြင်လေးနှစ်ဖက်အား သူမ မြင်သွားမည်စိုးကာ ခေါင်းကိုငုံ့ထားလိုက်မိသည်။
သို့သော် အရှုံးမပေးတတ်သော ထိုကောင်မလေးက ခေါင်းငုံ့နေသော ကျွန်တော်နှင့် မျက်လုံးချင်းမဆုံ ဆုံအောင် အတင်းလိုက်ကြည့်လေသည်။
ပို၍ ခေါင်းငုံ့လိုက်သော်လည်း မရရအောင်မျက်လုံးချင်းဆုံစေကာ ပြုံးပြသော ထို သွက်သွက်လက်လက် ကောင်မလေး..အခုတော့ အရှုံးပေးသွားပြီထင်သည်။ ဒါမှမဟုတ် မောလို့များ ခဏနားနေတာလား?
ငယ်စဉ်ကတည်းကပင် အရှက်အကြောက်အလွန်ကြီးသော ကျွန်တော့်အား သူမက ဒီလို အတင်းကြီး လိုက်လုပ်နေတော့ ကျွန်တော် ပို၍ ရှက်ကာ ခေါင်းပင်မဖော်ရဲတော့။ တော်သေး၍ ထိုကလေးမလေး၏ အမေဆိုသူက ကလေးမလေးအား ခေါ်ကာ ထွက်သွားမှ သက်ပြင်းတစ်ချက်ချနိုင်တော့သည်။
"သူက ဘယ်သူလဲ? ချစ်စရာလေးပဲ"
ဒီလောက် သွက်လက်ကာ ဖော်ရွေသော မိန်းကလေးတစ်ဦးအကြောင်း မည်သူမဆို ဤကဲ့သို့ ကြုံလာလျှင် သိချင်ကြမည်မှာ အမှန်ပင်။ သူ့အကြောင်းသိချင်စိတ်လောက်ကတော့ အပြစ်မရှိဘူးမလား?
အဖေ..
ကျွန်တော်ငယ်ငယ်လေးကတည်းက အဖေနှသ့်သာနေထိုင်လာခဲ့သည်မှာ ယခုပင် ၁၂ နှစ်ရှိပြီ။ ဖေဖေ သင်ပေးသော နေ့တိုင်းဆုံးမ စကားထဲတွင် ' မိန်းကလေးများနှငိ့ဝေးဝေးနေ ' ဟူသည့်ပင်။ ဘာ့ကြောင့်မှန်းမသိ။ မေးလိုက်ပြန်လျှင်လည်း ' ကြီးလာရင်ပြောပြမယ်တဲ့'။အဲ့တာ့ကြောင့် ခုနတုန်းက ထိုမိန်းကလေးအား ကျွန်တော့်နာမည်ပြောပြလိုက်ချင်သော်လည်း ပါးစပ်မှ ထွက်ကျမလာခဲ့သဘ်မှာ ဤအကြောင်းကြောင့်ပင်။
သို့ပေမယ့်..
စည်းထားသော ဆံပင်နှစ်ခွလေးအား ဟိုယမ်းဒီယမ်း ယမ်းကာ သူ့အမေနှင့် လိုက်ပါသွားသော သူ၏ ကျော်ပြင်လေးကိုတော့ ကျွန်တော် မေ့မသွားခဲ့ပါ။ကျွန်တော်လည်း သူငယ်ချင်းတျောက်လောက်တော့ လိုချင်တယ် ဖေဖေ။
••••••
Tbc next ep!!
Thank you and love you all my readers❤
YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...