Serendipity-21

825 118 4
                                    

ကျွန်တော် အရမ်းကြောက်သွားမိတာ ဝန်ခံပါတယ်။

ကျွန်တော့်ပထမဆုံးကြွေခဲ့ရတဲ့ သူ့ကို ကျွန်တော့်ရဲ့ ဘယ်သူ့ကိုမှ မပေးဖူးသေးတဲ့ အချစ်တွေ ပေးချင်မိတယ်။

ဒါပေမယ့်...
ကြောက်တယ်..
သူ့ကိုမပိုင်ဆိုင်မှာ ကြောက်တယ်...
ပိုင်ဆိုင်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားမှာ ကြောက်တယ်..

နောက်ဆုံး သူ့ကို ပိုင်ဆိုင်ရဲတဲ့ သတ္တိတွေ ပျောက်ကွယ်သွားမှာ ကြောက်တယ်....

ဘာ့ကြောင့်များ ကျွန်တော့်ရဲ့ ပြ်ုင်ဘက်က ကျွန်တော့်ရဲ့ ညီအရင်းလေးတစ်ယောက်လို ချစ်ရတဲ့ JK ဖြစ်နေရတာလဲ.....

အချစ်ဆုံး သူငယ်ချင်းတွေ၊ မိသားစုတွေ မိန်းကလေးတစ်ယောက်အတွက်နဲ့ သူစိမ်းတွေ ဖြစ်သွားတတ်ကြတယ်။

ကျွန်တော် အဲ့ဒီလောက်အထိ မရည်ရွယ်ချင်ဘူး။

အခု သူက သူများရဲ့ ချစ်သူမှ မဟုတ်သေးတာဘဲ။ တခြား တစ်ယောက်ပိုင်တဲ့ အရုပ်လေးတစ်ရုပ်မှ မဟုတ်တာ...။

ကျွန်တော့်အတွက် အခွင့်အရေးတွေရှိသေးတာဘဲ...။

JK လည်း ကျွန်တော်လို့ဘဲ တစ်ဖတ်သတ်ချစ်နေတာဘဲမလား...။

တစ်ကယ်လို့ Jin Hee က ကျွန်တော့် ကောင်မလေး ဖြစ်လာမယ်ဆိုရင် ကျွန်တော့်အမှားမှမဟုတ်ဘဲ။

ဒါတွေအားလုံးက သူမ အပေါ်မှာတဲ့ မူတည်နေတာမလား...။

ဒါ့ကြောင့်...နောက်မဆုတ်ဘဲ ရှေ့ဘဲတိုးပါရစေ။
တိုးခွင့်ပြုပါ Jung Kook ရယ်...။
Hyung တောင်းပန်ပါတယ်။

နောက်ဆုံး အဖြေက တစ်ယောက် ကတော့ နာကျင်ရမယ်ဆိုတာ သေချာတာဘဲလေ။

အဲ့တစ်ယောက်က ဘယ်သူလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့....။

••••~~~~~~

Canteen တွင် တစ်ယောက်တည်း မုန့်စားနေသော Jin Hee အား အနောက်ဘက်မှ တစ်ယောက်ယောက် ကျောကို ပုတ်ကာ ခေါ်လိုက်
သည်။

" Aww!! JIMIN oppa??!"

Jin hee အနောက်လှည့်၍ ပြုံးပြနေသော jiminအား ပြန်ပြုံးပြကာ အရှေ့မျက်နှာချင်းဆိုင်တွင် ထိုင်ရန် လက်ဖြင့် ညွှန်လိုက်သည်။

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now