Serendipity-33

656 96 4
                                    

" စဉ်းစားပြီးပြီလား?"

မနက် ရုံးတက်တက်ချင်းပင် သူ၏ရုံးခန်းသို့ခေါ်ကာ ပထမဦးဆုံးမေးလိုက်သောမေးခွန်း....။

" ကျွန်မ...လက်မခံနိုင်ဘူး.."

ကျွန်မ အဖြေပေးပြီးနောက် သူ၏ထံမှ သက်ပြင်းချသံတစ်ခုကြားလိုက်ရသည်။

ထို့နောက် ကျောပေးထိုင်နေရာမှ ကျွန်မဘက်လှည့်လာသည်။

ကျွန်မမျက်လွှာများအား အောက်သို့ချထားသော်လည်း သူ၏ စူးရှသော အကြည့်များအား ခံစားမိသည်။

" ဒါဆို..အလုပ်ထုတ်ခံမယ့်သဘောလား.."

ကျွန်မမျက်လုံးများ အောက်စိုက်ထားမှ သူ၏မျက်လုံးများအား ရဲဝံ့စွာကြည့်ရန် မျက်နှာအား မော့ကြည့်လိုက်သည်။

" ကြိုက်သလိုသာလုပ်ပါ.."

အတန်ကြာအောင် ဘာမှမပြောဘဲ စိုက်ကြည့်နေသာ သူ့ကြောင့် အနေခက်လာ၍ သူ၏ခွင့်ပြုချက်မရလည်းဘဲ ရုံးခန်းထဲမှ ထွက်လာမိသည်။

သူဠေးအပေါ် လက်အောက်ငယ်သားတစ်ဦးအနေနဲ့ ရိုင်းပြသည့်အပြုအမူ ဖြစ်နေသော်လည်း မတတ်နိုင်။

အခန်းထဲမှ ထွက်ထွက်ချင်း ဘယ်ဘက်ရင်အား လက်ဖြင့်ဖိထားမိသည်။ သူရဲ့ စူးရှတဲ့အကြည့်အောက်တွင် နှလုံးခုန်များ မရပ်တန့်နိုင်တော့သလို တဖြည်းဖြည်းအောင့်လာသည်။

မျက်လုံးများမှာလည်း မနေ့က တစ်ညလုံး အပူတစ်ခုပေါ်တစ်ခုဆင့်သော ကိစ္စများကြောင့်ငိုထား၍ ဖူးရောင်နေသည်။

အခုချိန်မှာ ဘယ်အရာဘဲဖြစ်ဖြစ် အငြင်းခုန်များလည်း မလုပ်ချင်တော့ပါ။
အရာအားလုံးအား မေ့ပစ်ကာ အရှုံးပေးလိုက်ချင်တော့သည်။

ရှုပ်ထွေးနေသော စိတ်အား ပျောက်သွားစေရန် လာခဲ့မိသောနေရာက ခေါင်းမိုးထပ်ဖြစ်နေပါရောလား..

ကောင်းကင်ပြာကြီးအား ငေးကြည့်နေမိသည်။

အမေ..အဖေ တို့သာ ကြည့်နေမလားပေါ့လေ..
လူ့လောကကြီးမှာ နေရတာ ပင်ပန်းလွန်းပါတယ်..

ထိုအချိန် အလိုက်မသိ တစ်ဂွင်ဂွင်မြည်လာသော ဖုန်းကို အတန်ငယ်ကြာမှ ကိုင်လိုက်သည်။

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now