"Aww ...Jungkook ပြန်လာပြီလား? Jimin နဲ့ Jinhee ကိုတွေ့ခဲ့သေးလား? ခုထိပေါ်မလာကြသေးဘူး"
Hobi မှ အငယ်ဆုံးဖြစ်သူ Jungkook သန့်စင်ခန်းသွားပြီးပြန်လာရာ မျက်နှာက မှိုင်တိုင်တိုင်ဖြစ်နေသည်မို့ အသံမြှင့်ကာ မေးလိုက်သည်။
Jungkook ကတော့ ဘာမှပြန်မပြောဘဲ ခေါင်းသာငြိမ့်ပြသည်။ ထို့နောက်မှ အနွေးထည်ကောက်ဝတ်ကာ....
" ကျွန်တော် အပြင်သွားဦးမယ်"
ဟူ၍ အနောက်သို့ တစ်ချက်ပင် လှည့်မကြည့်။ အစ်ကိုတွေရဲ့ အော်ခေါ်သံကိုပင် လျစ်လျုရှုကာ အရင်တစ်ခေါက်သွားခဲ့သော ကလပ်ဆီသို့ ကားမောင်းထွက်လာခဲ့သည်။
•••••••
ကလပ်ဟုဆိုသည့် နေရာနှင့်အလိုက် မီးရောင်စုံများအောက် ကတဲ့သူက က၊ သောက်နေသူက သောက်နှင့်။
သူတစ်ရုံလုံး ဝေ့ဝိုက်ကာ ရှာကြည့်လိုက်သည်။
လူကလည်း များပြားလှသည့်ကြားထဲ ကခုန်နေသည်မို့ လှုပ်လှုပ်ရှားရှားနှင့် အလွယ်တကူ ရှာ၍မရ။ မထူးတော့၍ ကောင်တာသို့သွားကာ မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။" ဒီမှာ..မျက်လုံးဝိုင်းဝိုင်းနဲ့ ဆံပင်လိမ္မော်ရောင် ကောင်မလေး မရှိဘူးလား?"
" တောင်းပန်ပါတယ် ဧည့်သည်။ နာမည်မသိရင် ရှာပေးဖို့ ခက်ခဲလို့ပါ"
Jungkook အရင်တစ်ခေါက်က သူမနာမည်မမေးလိုက်မိသည်ကို နောင်တရမိသည်။ အခုတော့ သူမကို နောက်တစ်ခါထပ်တွေ့ခွင့်ရပါတော့ဦးမလား.....
" တစ်ယောက်ယောက်ကိုရှာနေတာလား?"
အနောက်က အသံအောင်အောင် တစ်ခုအား ကြားလိုက်သည်နှင့် သူ လှည့်ကြည့်လိုက်သည်။
စိတ်ရှုပ်၍လက်ဖြင့်ဖွထားသော ဆံပင်များနဲ့ သူအနောက်လှည့်ကြည့်လိုက်သော သူ့မျက်နှာထက် အပြုံးနစ်ခုနှင့်အတူ မျက်ဝန်းများဟာလည်း အရောင်တောက်သွားသယောင်။
" ရှာလို့မတွေ့ဘူးနဲ့တူတယ်။ ဘယ်သူမို့လို့ အဲ့လောက်ရှာနေတာလဲ?"
ရှာတွေ့ပြီ သူမကို။
Jungkook သူမအား ပြုံးပြသည်။ ထို့နောက် သူမလက်ကိုဆွဲကာ ဘားတစ်ခုထံဝင်ထိုင်လိုက်ကြသည်။

YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...