Serendipity-26

697 108 2
                                    

ပုံမှန်အတိုင်းပင် ကော်ဖီဆိုင်လေးတွင်း လူများပြည့်လို့နေသည်။ ထို့အပြင် အပြင်ဘက်တွင်ပင် တန်းစီစောင့်နေကြသူများလည်းရှိသေးသည်။

ဤကိစ္စသည် Jimin အတွက်တော့မဆန်းတော့ပါ။ သူ၏ရည်ရည်နှင့် အကျင့်စာရိတ္တတို့ကြောင့် သူ မိန်းကလေးများကြားရေပန်းစားနေသည်မှာ ကြာပြီ။

ယခုရောက်လာသော ဝယ်ယူသူအများစုမှာ မိန်းကလေးများသာဖြစ်ကြသည်။ နေ့တိုင်း သူတို့ Jimin ၏ ချိုမြိန်သော မျက်နှာအား မြင်တွေ့ရရင် ဆိုင်သို့ လာလေ့ရှိကြသည်။

သူ လင်ပန်းလေးသယ်၍ အစားအစာများချပေးတိုင်း ဆိုင်ထဲရှိမိန်းကလေးတိုင်း၏ အကြည့်များ သူ့ဆီမှမလွှဲ..။ သူ့အကြောင့် တီးတိုးပြောကာပင် ပျော်ရွှင်နေကြသည်။

ထိုအချက်ကြောင့်ပင် Jimin ၏ အဒေါ်ဖြစ်သူမှာလည်း Jimin အား ကိုးရီးယားသို့တစ်ဖန်မပြန်စေချင်။ သူမ၏ ဆိုင် ရောင်းကောင်းရန် Jiminအား သိမ်းထားချင်မိလေသည်။

" နောက်လည်း ထပ်လာခဲ့ပါဦးနော်~~"

သူပြုံးလိုက်လျှင် မျက်လုံးများက မှေးသွားပြီး ပါးမို့မို့လေးကလည်း အပေါ်မြင့်တက်သွားသည်နှင့် ပို၍ ဖောင်းလာသလိုလို။ သူ၏ ဖူးနေသော နှုတ်ခမ်ူအစုံတို့ရယ် သူ့ရဲ့ ချိန်ြိမိန်လှတဲ့ ပင်ကိုယ် အသံက မိန်းကလေးများ၏ အသည်းကို လုံးဝဖမ်းစားထားနိုင်လေသည်။

ကောင်တာတွင် ငွေရှင်းခြင်း လက်ခံပြီးနောက် သူပြောနေကြစကားလေး ပြောလိုက်လျှင် တစ်ချို့တွေက အပြုံးလေးတစ်ခုနှင့်သာတုံ့ပြန်သော်လည်း တစ်ချို့ကမူ ပါးနှစ်ဖက်နီရဲတက်လာကာ ရှက်ရှက်နှင့် ထွက်ပြေးသွားတတ်ကြပြီး တစ်ချွိုကတော့ Jiminအား လက်ဆောင်များပင် ပေးသွားတတ်ကြသည်။

Jimin ပျော်ပါသည်။ သို့သော်လည်း ပင်ပန်းသည်။ တစ်ချိန်လုံး ပြုံးနေရသည်မဟုတ်လား။

•~•~•~•~•~•~

စာသင်နှစ်ပင် ကုန်ဆုံးလာပြီ။
ဒီကနေ့သည် ကျွန်မတို့ စတုထ္ထနှစ် အထက်တန်းကျောင်းသူများ၏ Graduation Day ပင်။ အထူးစီစဉ်ထားသော ပွဲလေးကတော့ BTS party ပင်ဖြစ်သညိ။ Jungkook မှလွဲ၍ အခြားမန်ဘာ အကုန်လုံး ကျွန်မတို့ထက်အရင် ကျောင်းပြီးသွားကြလေတော့ ကျောင်းမှ အငယ်တန်းကျောင်းသူလေးများက သူတို့အား လွမ်းနေကြရှာပြီ။ ထို့ကြောင့်ပင် BTS ကိုဖိတ်ခေါ်၍ သူတို့၏ သီချင်းများခံစားရင်း ကျောင်းဆင်းပွဲ ပါတီလေး လုပ်ရန် စီစဉ်လိုက်ကြသည်။

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now