Serendipity-43(Ending)

2.6K 152 16
                                    

" ဘာလို့...ဘာလို့ အခုချိန်ထိ စောင့်နေခဲ့ရတာလဲ? ကျွန်မ မထူးနိုင်တော့မှန်းသိရက်နဲ့.."

Jimin ၏ ပါးအား သူမ၏ လက်မလေးဖြင့် ညင်သာစွာ ပွတ်သပ်နေရင်း စီးကျလာသော Jimin ၏ မျက်ရည်ပေါက်လေးအား သုတ်ပေးလိုက်သည်။

" မင်း ပြန်ထူးသံလေး ကြားမှ ကိုယ် သွားဖို့ ခွန်အားတွေရှိမှာ..."

Jimin ၏ လက်မောင်းထဲတွင် Jinhee အား ပွေ့ဖက်ထားသော ပုံစံမှာ မင်္ဂလာခန်းမထဲက ပုံစံအတိုင်းပင်။

အခုချိန်ထိ ကိုယ်မင်းကိုစောင့်နေခဲ့တယ်။
မင်း နိုးလာပြီး ကိုယ့်ခေါ်သံကို ပြန်ထူးမယ့်အချိန်ကို အခုထိကိုယ် မလှုပ်ဘဲ ထိုင်စောင့်နေခဲ့တာ။

Jimin လက်ထဲမှ လက်စွပ်လေးအား Jinhee ၏ လက်သူကြွယ်တွင် စွပ်ပေးလိုက်သည်။

Jinhee ၏ မျက်ဝန်းတွင်းမှ မျက်ရည်တစ်ပေါက် စီးကျသွားသည်။ ထို့နောက် သွားများပေါ်အောင် ပြုံးလိုက်သည်။

" ကျွန်မတို့က ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဇနီးမောင်နှံတွေ ဖြစ်မယ်ထင်တယ်"

ဟုတ်တယ် ပေါင်းဖက်ခွင့်မရခဲ့တဲ့ ဇနီးမောင်နှံလေ။

•••••••••

" mianhae....အားလုံး ငါ့အမှားတွေပါ။ ငါက ဒီလိုဖြစ်မယ်မှန်းမသိဘဲ..Jessica ကို ယုံကြည်ခဲ့မိတယ်..."

Jimin နှင့် Jinhee ရှေ့တွင် တောင်းပန်နေသော Jungkook။

Jungkook နားကပ်ကာ သူ၏လက်လေးများအား ဆုပ်ကိုင်လိုက်သော Jinhee အား Jungkook က အံ့ဩသော အကြည့်များဖြင့်လှမ်းကြည့်သည်။

" နင့်အမှားမဟုတ်ပါဘူး Jungkook-ah...ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့တော့။ ငါ...နင့်ကို ခွင့်လွှတ်ပြီးသားပါ..."

Jungkook  ခေါင်းငြိမ့်ကာ ဝမ်းသာမျက်ရည်များက စီးကျလာတော့သည်။

လူနှစ်ယောက်က အစွဲအလန်းတစ်ခုစီကြောင့် အခုချိန်ထိ ဘဝမကူးဘဲ ကောင်မလေးတစ်ယောက်အနားမှာ တစ်ဝဲဝဲလည်နေခဲ့ကြပါတယ်။

အရမ်းချစ်ရသူကို ဆုံးရှုံးလိုက်ရပြီး တစ်သက်လုံး နေရာမှ မရွေ့ဘဲ သူ့ရဲ့ ခေါ်သံကို ပြန်ထူးမယ့်အသံအား စောင့်နေခဲ့တဲ့ Jimin နဲ့

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now