လေယာဉ်ပြေးနေရာမှ တစ်ဖြည်းဖြည်းအရှိန် လျော့လျော့လာကာ နောက်ဆုံး လေယာဉ် ဆ်ုက်ရောက်လာခဲ့ပြီ။
ခု လေယာဉ် မှဆင်းကာ မရှုတာကြာပြီဖြစ်သော ကိုးရီးယား လေအား အဝရှုလိုက်မိသည်။
အကျီင်္ အဖြူအား သပ်သပ်ရပ်ရပ်နှင့် သရေဘောင်းဘီအား လိုက်ဖက်စွာ ဝတ်ဆင်ထားသည်မှာ မော်ဒယ်တစ်ယောက်အလား...
တပ်ဆင်ထားသော နေကာမျက်မှန်ကလည်း သူ့ရဲ့ ထက်လှသော မေးရိုးလိုင်းအား ပို၍ ပေါ်နေစေသလို....
အလယ်ခွဲထားသော ဆံပင်တို့ကြောင့်လည်း မြင်သူတိုင်း ငေးကြည့်ရသည်။
ထို့နောက် လုပ်စရာ ရှိတာလုပ်ပြီး၍ လာကြိုသော ဝန်ထမ်းကို လိုက်ရှာရသည်။
PJM com ဆိုသော ဆိုင်းဘုတ်ကိုင်ထားသူကို လူအုပ်ကြီးထဲတွင် သူလိုက်ရှာနေသည်မှာ တော်ရုံနှင့်မတွေ့။
•~•~•~•~•~•~
၎ နာရီ အရောက် သွားရမည်မို့ သူမ အလုပ်မြန်မြန်လုပ်ကာ ရုံးမှ ထွက်လာခဲ့သည်။
Manajor ပေးသော ဆ်ုင်းဘုတ်အား ကိုင်လျက် ထွက်ပေါက်ရှေ့တွင်စောင့်နေသော်လည်း တော်ရုံထွက်မလာ။
ထို့နောက် အိမ်သာသွားချင်သည်နှင့် ခဏတာ အိမ်သာသို့ ပြေးရသေးသည်။
အိမ်သာမှ ထွက်လာ၍ စောနက စောင့်နေသော နေရာသို့ ပြန်လာခဲ့သော်လည်း...
ထူးဆန်းစွာ လူအုပ်ကြီးက မရှိတော့...
ထွက်လာသော တစ်ချွိုတစ်လေ ခရီးသည်သာ ရှိတော့သည်။
သွားပြီ!! ငါတို့ လွဲသွားတာ များလား!!
မဟုတ်သေးဘူး!!
သူ မထွက်လာသေးတာလဲ ဖြစ်နိုင်တာဘဲ!!
ခဏတော့ ထပ်စောင့်ကြည့်ရမယ်။
ဟူ၍ ဆ်ုင်းဘုတ်အား ပေါင်ပေါ်တင်၍ ထိုင်ခုံပေါ်ထိုင်၍ ဆက်စောင့်နေသည်။
•~•~•~
" တောင်းပန်ပါတယ် ဆရာ!! ကျွန်တော် သေချာ ဂရုမစိုက်လိုက်မိလို့ "
သူ သက်ပြင်းတစ်ချက်ချကာ...
" ထားလိုက်တော့ အခု ငါတက္ကစီနဲ့ ဟိုတယ်ကို သွားနေပြီ! နောက်တစ်ခါ ခုလို မဖြစ်စေနဲ့ !"
YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...