Serendipity-22

743 123 3
                                    

JinHee ၏ပါးပြင်လေးများ နီရဲတက်သွားကာ နှုတ်ခမ်းဖူးလေးများ အပေါ်သို့အနည်းငယ် ကွေးတက်သွားသည်။

ဘယ်လောက်တောင် ချိုမြိန်လိုက်တဲ့ အိပ်မက်လဲ..

ပါးပြင်မှ တစ်ဆင့်မေးရိုးထိ ခံစားလိုက်ရသော အထိအတွေ့စိမ်းစိမ်းတစ်ခုကြောင့် သူမျက်လုံးများပွင့်သွားသည်။

တစ်ကိုယ်လုံးလည်း ကြက်သီးများထကာ..

ပုံမှန်အတိုင်းဆိုလျှင် မနက်အိပ်ယာထတိုင်း မြင်တွေ့နေကျမှာ Jimin ၏ အပြုံးချိုချိုတွဲလွဲခိုနေသော မျက်နှာလေး...

အခုသူမ ရှေ့မှာရှိနေတာက..

JUNGKOOK

" အိပ်မက်က အဲ့လောက်တောင် ကောင်းလား "

မျက်နှာပြင်ထက် လှောင်ပြုံးတစ်ခုက နေရာယူထားကာ Jinhee ၏မျက်လုံးများအား ဖောက်ထွက်မတတ် စူးစိုက်ကြည့်နေသော Jungkook...

သူက ဘာလို့ဒီကိုရောက်နေရတာလဲ...
Jimin..Jimin ကော??

သူမတွေးနေရင်းပင် ကြောက်စိတ်ဖြင့် လက်သီးများပင် ဆုပ်ထားမိသည်။

ဒါကို JK သတိထားမိသွားကာ..

" ကိုယ့်ကို ဒီလောက်တောင် ကြောက်နေတယ်ပေါ့? Huh??"

သူ၏မျက်လုံးများ Jinhee ထံမှ တစ်စက်မှမရွေ့ဘဲ jinhee အနားသို့တဖြည်းဖြည်း ကပ်သွားသည်။

ကုတင်ပေါ်အထိပင် ဖြည်းဖြည်းချင်းတက်လာကာ
သူ၏မျက်နှာနှင့် ခေါင်းတစ်လုံးအကွာလောက်တွင် ရပ်လိုက်သည်။

" မင်းဘာလို့ ဒီလောက်မုန်းနေလည်း ကိုယ်နားမလည်နိုင်ဘူး Jinhee"

Jinhee သည်မျက်မှောင်ကျုံ့ကာ ပြောနေသော JK ၏ မျက်နှာအား စူးစိုက်၍သာကြည့်၍ သူပြောသောစကားများကိုနားထောင်နေသည်။

"ကိုယ် မင်းအပေါ်...ဘာအမှားများ လုပ်မိလို့လဲ?? ကိုယ် မင်းကို...ကိုယ်တတ်နိုင်သလောက် ပျော်ရွှင်အောင်ထားခဲ့တာဘဲ.."

သူ၏ မျက်လုံးနက်များထဲမှ ဝမ်းနည်းမှုများအား Jinhee မြင်တွေ့လိုက်ရသည်။

အေးလေ..ငါထင်နေတာတွေက အမှားတွေဖြစ်နေနိုင်တာဘဲ....

"ကိုယ်မင်းကို ဘာလုပ်ပြမှ ကိုယ့်ကို ပြန်နေရာပေးမှာလဲ..."

သူပြောလိုက်တဲ့စကားလုံးများက ဘာကြောင့်မှန်းတော့မသိ Jinhee ၏ ရင်ဘတ်ထဲတွင် စူးကနဲ ဖြစ်စေသည်။

အခုထိ ငါမသိသေးတာတွေ အများကြီးရှိသေးတာဘဲ...

ငါမသိတာ မဟုတ်ဘူး...ငါမမှတ်မိသေးတာ..

အိပ်မက်...
ငါမက်နေတဲ့ အိပ်မက်က ငါ့အတိတ်က အကြောင်းတွေဘဲ ဖြစ်ရမယ်။

ဒီလိုနည်းနဲ့ဘဲ ငါသိချင်တာတွေ သိရမယ်ထင်ပါရဲ့..

ထပ်မက်ချင်သေးတယ်...ဒီအိပ်မက်ကို
ပြီးတော့...
နောက်ဆက်တွဲတွေကော..

ဒါမှ အမှန်ကိုသိမှာ..

•••••••••

အမေနှင့် ကျွန်မ နေ့လယ်စာ စားနေသည်။

" အမေ...Jungkook ကိုသိလား??"

ကျွန်မမေးလိုက်သော ထိုမေးခွန်းက အမေ့အား စားနေရာမှ ရပ်တန့်သွားစေသည်။

ဒီအချိန် မမေးလိုက်သင့်ဘူး....

" ဘာလို့မေးတာလဲ..သမီး? မဟုတ်မှ သူကော သမီးကို ....လာတွေ့လို့လား?"

အမေ့ရဲ့ မျက်လုံးများထဲတွင် စိုးရိမ်မှုများ အထင်းသားမြင်နေရသည်။

ခေါင်းကိုသာငြိမ့်ပြလျက် အဖြေပေးလိုက်တော့...

" ဘာလို့....ဘာလို့ အဲ့ကလေး ကပါ ရောက်လာရတာလဲ?? Jimin တျောက်ဘဲ ဒီလို ကျန်ရစ်နေခဲ့တယ် ထင်ခဲ့တာ.."

အမေ ပြောလိုက်သောစကားလုံးတစ်ခုချင်းစီကို ကျမနားမလည်နိုင်ပါ...

" အမေ...ဘာကိုဆိုလို.."

"ဒါဆို သူတို့ခုနှစ်ယောက်လုံး ဒီမှာရှိနေသေးတာပေါ့"

အမေ့ရဲ့ ဖြတ်ပြောလိုက်သော စကားများက ကျမကို ပို၍ ရှုပ်ထွေးသွားစေသည်။

"အမေ..ဘာတွေပြောနေတာလဲ? ခုနှစ်ယောက်?? သူတို့တွေက ဘယ်သူလဲ??"

ကျမရဲ့ မေးခွန်းများကို အမေ လျစ်လျူရှုနေတာလား..

ဝမ်းနည်းမှုကလွဲပြီး ဘာခံစားချက်မှ ဖော်ပြမနေတဲ့ အမေ့မျက်နှာနဲ့ အမေ့အကြည့် နူးနူးညံ့ညံ့ လေးတွေဟာ ကျမမျက်လုံးအစုံအပေါ် သက်ရောက်လို့နေသည်။

" အမေ့အထင်....သမီးကို အမေ အကုန်ပြောပြရတော့မယ်ထင်တယ်.."

■■■■■■

Up တာ အရမ်းနောက်ကျပြန်ပြီ😭😭

ဒီ lazy author ကိုအဖက်မလုက်ကြပါနက်။
😭😭

ဦးနှောက်လည်း ခြောက်တော့မယ်ထင်တယ်😂
ဒါပေမယ့် ကြိုးစားသွားဦးမှာပါ။
စိတ်မပျက်သွားကြပါနဲ့နော်။

ကျေးဇူးတင်ပါတယ် ကျမရဲ့ fic ကိုဖတ်ပေးသူတွေ...

အရမ်းချစ်တယ်❤❤

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now