"..ကူညီပေးပါ..
.....ကျေးဇူးပြုပြီးး...."
စိတ်ထဲတွင် အကြိမ်ကြိမ် ဆုတောင်းကာနေမိတော့သည်....
အရမ်းမြန်နေသော နှလုံးခုန်သံတွေ...
ကျမ ကြောက်တယ်...အရမ်းကြောက်တယ် ..
ဒီလိုနဲ့တော့ အဆုံးမသတ်ပါရစေနဲ့ဦး...အမေ့ကို..
အမေ့ကို စောင့်ရှောက်ရဦးမယ်.....ဒေါ်လေးကိုလည်း စိတ်မထိခိုက်စေချင်ဘူး ....
သူ့ကြောင့်ဆိုပြီး ရင်ထုမနာ ဝမ်းမနည်းစေချင်ဘူး...ပြီးတော့ ...
ပြီးတော့.....JIMIN??
"..Jimin....jebal...
ကူညီပေးပါ......
...ဒီလိုနဲ့တော့ ကိုယ့်ရဲ့ ဘဝကို အဆုံးရှုံမခံနိုင်ဘူး...
ပြောတော့..ချစ်တယ်ဆို....
ကျမကို လာကယ်ပေးပါဦး..."
ကျမကို ကယ်တင်ပေးနိုင်တာ သူတစ်ယောက်တည်းလို့ သာခံယူပြီး...
ရင်ထဲကနေသော တောင်းဆုတွေ ခြွေနေမိတယ်...
" အား...ခြေထောက်.."
ကျမ ပြေးနေတာ မိနစ် ၂၀ လောက်ကျော်တော့မယ်..ဒါပေမယ့်...
ဒီမှာတင် ရပ်လိုက်လို့မဖြစ်သေးဘူး..ဆက်ပြေးရမယ်...
ရှင်သန်နိုင်ဖို့ ဘယ်လောက်ဘဲ နာကျင်နေပါစေ..
တောင့်ခံထားမှဖြစ်မယ်...ဒါကိုသိရဲ့လား...
စိတ်ထဲကသာ မရပ်တန့်ချင်ပေမယ့်...
အပြင်မှာ ဘယ်လိုမှ မတတ်နိုင်တော့တဲ့အခါ..အခုတော့ လူရှင်း၊ ကားရှင်းတဲ့ လမ်းမကြီးထက်မှာ ဒူးထောက်လျက် လဲကျသွားလေပြီ...
အနောက်ကနေ မပြတ်တမ်း လိုက်နေတဲ့ ထိုလူတွေ...
ကျမကို လက်မောင်းမှ ဆွဲကာ ဘယ်နေရာမှန်းကိုမသိခေါ်ဆောင်သွားလေပြီ။
ပြီးတော့...
ကျမ ဘာမှမသိနိုင်တော့ဘူး......ကျမ ဘဝ ဒီမှာတင်...
အဆုံးသတ်သွားပြီ...▪▪▪▪▪▪▪▪▪▪▪▪
အမှောင်ထုကြီး...
အရာအားလုံးက မှောင်မိုက်လို့နေတယ်.....သို့ပေမယ့် အဲ့အမှောင်ထုငြီးထဲကနေ ..
သေးငယ်တဲ့ အလင်းစလေး တစ်စ ထွက်ပေါ်လာတယ်...
YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...