Jimin's Pov,
အရင်လိုဘဲ ကျွန်တော်တို့ ခုနှစ်ယောက် ကျောင်း၏ ဂီတခန်းထဲတွင် အချိန်ကုန်နေသည်။ တစ်ကယ်တော့ ခြောက်ယောက်သာ။ Jungkook က အခုမှ Junior ဖြစ်သည့်အတွက် အတန်းတက်ရန် လိုအပ်ပေသည်။
ပုံမှန်အတိုင်း ကျွန်တော်တို့ တွေ့လျှင် လုပ်လေ့ရဧိသော အရာကား သီချင်းစပ်ခြင်းနှင့် အကတိုက်ခြင်းပင်။ ယခု လက်ရှိ စပ်ထားသော I need U သီချင်းကို လူကြိုက်များကြသည်ထင်သည်။ အထူးသဖြင့် ကျွန်တော်တို့ တက်နေသော အထက်တန်းကျောင်းက ကျောင်းသား ကျောင်းသူများပင်။
ယခုလည်း အသစ်တပုဒ် စပ်နေသည်။ သီချင်းကတော့ အမြူးပုံစံလေး ဖြစ်ကာ nam joon ၊ Hseok နှင့် Suga hyung တို့က ပါဝင်ပူးပေါင်းကာ သီကုံးရေးပေးထားသည်။
" ကဲကဲကဲ ငါတို့ အခုသီချင်းကို ဘယ်လို နာမည်ပေးကြမလဲ? ငါကတော့ Dope ဆိုကောင်းမလားလို့ "
အခန်းထဲတွင် ဂစ်တာတီးသူကတီး။ စာဖတ်သူကဖတ်။ ဖုန်းဆော့သူကဆော့နှင့် တစ်ဦးတည်းသော အလုပ်ထဲတွင် အာရုံစိုက်သူ Jhope က ထပြောမှသာ အားလုံး အာရုံရလာကြသည်။
"မင်းတို့တွေ ဒီမှာ ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေကြဦးမှာလား ဟမ်း?"
Jhope ပင်။ စိတ်ဆိုးသည့်ပုံစံ ဖမ်းကာ အားလုံးကို ဆုံးမသလို ပုံစံဖြင့် ပြောနေသည့်ပုံမှာ ရယ်စရာကောင်းလှသည်။
"Dope ? မဆိုးပါဘူး။ အာ့တာဘဲ ထားလိုက်မယ်လေ "
စာဖတ်နေရင်းမှ Namjoon က Jhope၏ စကားကိုပြန်လည်တုံ့ပြန်သည်။
အားလုံးလည်း သဘောတူလိုက်ကြသည်။ သီချင်းအသစ်၏ နာမည်ကို Dope ဟု သတ်မှတ်လိုက်သည်။ သီချင်းမှာ အကကို အသားပေးထားသည့်အတွက် အကလေ့ကျင့်ရန် အချိန်တော်တော် ပေးရမည်မှာ သေချာနေသည်။
" ဒါနဲ့ ကျွန်တော် ဗိုက်ဆာလာပြီ။ တစ်ခုခုသွားစားရအောင်လေ"
နဂိုက စာအုပ်များပေါ်တွင် တက်လှဲကာ ဖုန်းဆော့နေသော Tae Hyung က ပါးလေးဖောင်း၊ ဗိုက်ကို လက်ဖဝါးနှင့် ပွတ်ပြပြီး ချွဲ့နွဲ့ပြောနေသည်။
သူပြောမှ ကျွန်တော့်ကို ကျွန်တော်လည်း သတိထားမိသည်။ ဗိုက်ထဲရှိ အူလှုပ်သံများမှာလည်း ဆူညံလို့။
YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...