ကံကောင်းချင်တော့ သူနဲ့ကျွန်တော် ကျောင်းအတူတူတက်ခွင့်ရခဲ့တယ်။ အဖေ့ရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေအောက်မှာ သူနဲ့ ရင်းနှီးကျွမ်းဝင်ခွင့်ရဖို့ ကြိုးစားခဲ့ရပါသေးတယ်။
ပြဿနာက သူမဟုတ်ပါဘူး။ ကျွန်တော်ပါဘဲ။
ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းအဖြစ် သူဖြစ်တည်ပေးခဲ့တယ်။ သူ့ရဲ့ များပြားလှစွားသော သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခဲ့ပေမယ့် လူမှုရေးမှာ ညံ့ဖျင်းတဲ့ ကျွန်တော့်အတွက် သူသာ လျှင် တစ်ဦးတည်းသော ခံစားချက်တွေ မျှဝေရာ၊ ရင်ဖွင့်စရာ ဖြစ်နေခဲ့ပါတယ်။
•••••••••••
" ကိုယ် မင်းကို ပြန်မှတ်မိလာဖို့ ကြိုးစားစေချင်တယ်"
သူပြောတဲ့ စကားလုံးတိုင်းက အရမ်းလေးနက်တယ်ဆိုတာ ကျွန်မ စတင်ပြီး ယုံကြည်မိလာတယ်။ သူ့မျက်လုံးတွေက ညာပြောမနေလောက်ဘူးဆိုတာ သိလာတယ်။
JK ရဲ့ စကားကို နားထောင်နေရင်း ရုတ်တရက် သူက ပျောက်ကွယ်သွားတော့ ကျွန်မစိတ်ပူသွားမိတာ အမှန်ပါ။
သူပျောက်ကွယ်သွားပြီး ကျွန်မ လက်တွေကို တစ်စုံတစ်ယောက်ကဆုပ်ကိုင်ထားသလို ခံစားလိုက်ရတယ်။
" အော် Jimin ! နိုးလာပြီလား "
Jimin က ကျွန်မရဲ့ စကားကို လျစ်လျုရှုကာ အနောက်ဘက်မှ ကျွန်မကိုယ်လေးအား သိုင်း၍ ဖက်သည်။ ရုတ်တရက်မို့ ကြောင်အမ်းအမ်း ဖြစ်မိပေမယ့် ကျွန်မ မရုန်းမိ။
ကျွန်မတို့ နှစ်ယောက်ရဲ့ အတိတ်က ကိစ္စတွေကို ပြန်လည်မှတ်မိချင်သည်။ JK ၏ ပယောဂ ကြောင့်လည်း ပါသည်။
" Jimin ! Jin hee အတိတ်ကို ပြန်မှတ်မိချင်တယ် "
ကျမပြောလိုက်သော စကားကြောင့်ဘဲလား၊ ရုတ်တရက် ဖြတ်တိုက်သွားသော လေစိမ်းကြောင့်ဘဲလားမသိ။ သူက ကျွန်မကို ပို၍ တင်းနေအောင် ဖက်ထားသည်။
သူ့ရဲ့တုံ့ပြန်မှုကို စောင့်နေမိပေမယ့် သူဘက်က ဘာမှလည်း ပြန်မပြောလေတော့ ကျွန်မ လည်း ငြိမ်နေလိုက်သည်။
15 မိနစိလောက်ပင် ကြာသွားပြီ။ သူက ကျွန်မကို ဖက်ထားရာမှ ပြန်မလွှတ်ပေးသေးပေ။
"Jimin ! "
" Jimin ! "
ကျွန်မ ခဏခဏ အော်ခေါ်နေတော့ သူ စိတ်အနှောင့်အယှက် ဖြစ်သွားပုံပေါ်သည်။
သူ ဖက်ထားရာမှ လွှတ်ကာ ကျွန်မပုခုံးကို လှည့်၍ သူနှင့် မျက်နှာချင်းဆိုင် စေသည်။
" Tsk ! မင်းထက် အသက်ကြီးတဲ့ သူကို နာမည်တပ်ခေါ်ရလား !"
" hm! ဒါဆို ဘယ်လို ခေါ်ရမှာလဲ ? "
သူက မျက်လုံးများ မှေးတက်သွားသည်အထိ နှုတ်ခမ်းလေးများ တွန့်ချိုးကာ ပြုံးပြသည်။
ပြီးတော့မှ.." Oppa လို့ခေါ်ပေါ့ "
သူချွဲ့နွဲ့ စွာ ပြောလိုက်တဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ကျွန်မ ရုပ်တည်နှင့်မနေနိုင် ။ ထရယ်လိုက်မိသည်။
ကျွန်မရယ်သည့်အတိုင်း သူက လိုက်ရယ်လေသည်။ ဧည့်ခန်းတစ်ခန်းလုံး ရယ်သံများနှင့်ပြည့်နှက်စေရင်း Jimin က ရယ်နေရာမှ ရုပ်ပြန်တည်သွားတော့ ကျွန်မလည်း ဆက်မရယ်နိုင်တော့။
ဘာလို့လဲ ဆိုတဲ့ မေးခွန်းကို မျက်လုံးများဖြင့်သာ မေမြန်းနေမိသည်။
" ခုနက မင်းနဲ့ Jungkook ရဲ့စကားတွေ ကိုယ်ကြားခဲ့တယ် "
သူ..
သူကြားခဲ့တယ် တဲ့လား။
ဒါပေမယ့် ကျွန်မ ဘာတွေ စိတ်ပူနေမိတာလဲ။
ကျွန်မ ဘာအမှားမှ မလုပ်ထားဘဲ။ဒါပေမယ့်..
ကြောက်မိတယ်။ ကျွန်မရဲ့ အတိတ်ဘဝ အကြောင်း ပြန်မှတ်မိအောင် မကြိုးစားနဲ့ လို့သာ ပြောမယ်ဆို ကျွန်မဘာလုပ်ရပါ့မလဲ။" အဲတာ ဘာဖြစ်လို့လဲ "
မျက်လုံးချင်းမဆုံ။ ခေါင်းလေးငုံ့ကာ ပြန်မေးရှာသော သူမ။ သူ အခုချိန် ဘာတွေများ တွေးနေမလဲ။ JK နဲ့ သူမရဲ့ တစ်ချိန်က ပက်သတ်မှု အကြောင်း သတိရသွားတဲ့ အချိန် ကျွန်တော့်ကိုများ စွန့်သွားမလား။
တကယ်တော့ ကျွန်တော်က JK အပေါ် မှားခဲ့မိတယ်။ သစ္စာဖောက် သလို အပြုအမူ မျိုး လုပ်ခဲ့မိတယ်။ အဲ့ဒီအတွက် သူ ကျွန်တော့်ကို ပြန်ပေးဆပ် ခိုင်းမှာ သေချာတယ်။
ကျွန်တော် ခုချိန် ဘာလုပ်ရမလဲ။
" Jin Hee ကိုယ့်ကို ချစ်လား ?"
•••••••
Up လိုက်ပြန်ပါပြီ။ ဒီ Serendipity Fic လေးကို Reading list ထည့်ပေးတဲ့ စာဖတ်ဝါသနာ ရှင်များကို ကျေးဇူး အရမ်းတင်ပါတယ်၊
Thank u and love u, my readers😍😘

YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...