Serendipity-42

850 98 0
                                    

တစ်နှစ်ကြာသော်~~

ကမ်းခြေတစ်လျှောက် ကလေးတွန်းလှည်းအား တွန်းလျက် လူနှစ်ယောက် လေညင်းခံထွက်နေကြသည်။

ယောက်ျားဖြစ်သူက မိန်းမဖြစ်သူအား အနွေးဓာတ်ရစေရန် သူ၏ အပေါ်ထပ်အကျီင်္အား ချွတ်လိုက်ကာ ပုခုံးထက် ကြင်နာစွာ ထပ်ခြုံပေးလိုက်သည်။

" Gomawo...Jimin-ah...ကိုယ့်ဆီပြန်ရောက်လာပေးလို့"

သူမ ခေါင်းခါလိုက်ကာ..

" ကျွန်မက ကျေးဇူးတင်ရမှာပါ။ ကျွန်မကို လက်ခံပေးလို့.."

ထို့နောက် အနမ်းတစ်ပွင့်သူမ၏ နဖူးပေါ် သက်ရောက်သွားသည်။

သူမ ချိုသာစွာ ပြုံးလိုက်ကာ Taehyung ၏ ပါးများအား လက်ဝါးဖြင့်အုပ်မိုး၍ နှုတ်ခမ်းပေါ် ဖိကပ်နမ်းလိုက်သည်။

နောက်ဆုံး Taehyung နဲ့ Yoon Jimin တို့ပြန်တွေ့ဆုံခဲ့ကြပြီ။

တစ်ကယ်ကို Yoon Jimin က Taehyung ရဲ့ အရင်ရည်းစားနဲ့ တူလွန်းသည်။ ဒါ့ကြောင့် Tae ကလည်း Jimin အား Haera ဟူ၍ ထင်ယောင်ထင်မှား ဖြစ်နေခြင်းပင်။

ဒါပေမယ့် သေပြီးသားလူက ပြန်မရှင်လာနိုင်ဘူးလေ။

ဒီလိုနဲ့ဘဲ အတိတ်မှာ ကျင်လည်နေခဲ့တဲ့ Taehyung။ Yoon Jiminက သူ့ချစ်ရသူအား အမှတ်ရစေသည်။ ဒီလိုနဲ့ဘဲ Yoon Jimin မှာ သူ၏ အချစ်ရဆုံးသူဖြစ်လာသည်။

သမီးလေးပါ အပါအဝင်ပေါ့။

••••••••••

ဒီကနေ့က သူတို့နှစ်ယောက်အတွက် အရမ်းစောင့်မျှော်နေခဲ့ရတဲ့နေ့။

လွန်ခဲ့တဲ့ တစ်နှစ်က တောင်းခဲ့တဲ့ဆုတွေ ပြည့်လာတဲ့နေ့ပေါ့။

Park Jimin နဲ့ Bae Jinhee တို့ရဲ့ မင်္ဂလာပွဲ။

Jinhee စိတ်တွေအရမ်းလှုပ်ရှားနေသည်ကို ချွေးထွက်နေသော လက်အား ကြည့်ခြင်းဖြင့်သိနိုင်သည်။

" အရမ်းလှတယ် Jinhee"

Jimin ၏ဝေဖန်ချက်က သူမပါးလေးများအား နီရဲတက်သွားစေသည်။

သူတို့နှစ်ယောက် မှန်ထဲကနေသာ အကြည့်ချင်းဆုံနေရင်း အနောက်တွင်ရပ်နေသော Jimin က ခါးလေးကိုင်းကာ Jinhee ၏ နား အနားသို့ကပ်လိုက်သည်။

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now