Serendipity -32

674 93 0
                                    

ရုံးပိတ်ရက်ရောက်လာပြီမို့ သူငယ်ချင်းဖြစ်သူ Yoon Jimin နှင့်တွေ့ရန် ချိန်းထားသည်။

ကျွန်မဘက်က ပြောစရာစကားများစွာ ရှိသလို သူ့ဘက်ကလည်း တိုင်ပင်စရာရှိသည်ဟုဆိုတော့..

တွေ့နေကြ ကော်ဖီဆိုင်တွင်သာ တွေ့ရန် ထွက်လာခဲ့သည်။

Americano ခွက်နှစ်လုံးက တစ်ယောက်ဆီရှေ့တွင် ချထားကာ.

" ငါ့ကို maid လုပ်ခိုင်းတယ် "

ကျွန်မဘက်က စပြောလိုက်တော့သည်။

ဒါပေမယ့် Park Jimin မှာ ကျွန်မ၏ သူဋေးဖြစ်ကြောင်း ကျွန်မအား သူ၏ maid အဖြစ် အလိုရှိနေကြောင်းတော့ ဖွင့်ပြောရန် စိတ်ကူးမရှိ။

သူမက Jimin ၏ Fangirl မဟုတ်လား?

ကျွန်မသာ ပြောလိုက်ရင် သူဘယ်လိုခံစားရမလဲတော့ မသိပေမယ့် သူလည်း မိဘအိမ်ပြန်တော့မည်မို့ စိတ်ဖြောင့်ဖြောင့်သာ သွားစေချင်မိသည်။

" ဘယ်သူကလဲ??"

ကျွန်မလည်း အကြောင်းစုံပြောပြလိုက်သည်။

ဘာလို့ ထိုအလုပ် လုပ်ခိုင်းလည်း ဟုသော အကြောင်းပြချက်ပါ တစ်ခုမကျန် ဖွင့်ဟလိုက်တော့သည်။

" အဲလို လုပ်လိုက်ပါ Jinhee...သူ့ရဲ့ maid ဖြစ်လာဖို့က မလွယ်ပေမယ့် အရမ်းကြီးလည်း မခက်လောက်ပါဘူး"

" နင်ဘာတွေပြောနေတာလဲ.
ငါက ဘာလို့ maid တစ်ယောက်လို အတက်ဆံခံရမှာလည်း?"

" ငါပြောတာနားထောင် Jinhee.. ဘယ်အလုပ်ရှင်က သူ့ရဲ့အကျီင်္ အလျော်ပေးဖို့ သူ့ရဲ့ ဝန်ထမ်းကို maid လုပ်ခိုင်းတာ ကြားဖူးလို့လား? သူ...နင့်ကို စိတ်ဝင်စားနေလို့နေမှာ.."

Jimin သူမစကားပြောပြီးနောက် ကွေးတက်သွားသော နှုတ်ခမ်းများက နောက်တွင် အလိုလို ကပ်ပါလာသည်။

" နင်ဘာတွေတွေးနေလဲ ငါသိတယ်နော်! သူက ငါ့ကို စိတ်ဝင်စားနေတယ်ဆိုရင်...ငါ့ကို အလျော်မတောင်းဘဲ လွှတ်ပေးမှာပေါ့ဟ! ဘာလို့ဒီလိုနှိပ်စက်နေမှာတုန်း..အရူးမ ဦးနှောက်လေးဘာလေးသုံး!!"

သူမအား တစ်ဖန် ပြန်လည် စကားလုံးများနှင့် ရန်တွေ့ပြီးနောက် ရှေ့တွင်ချထားသော ကော်ဖီအား မယူကာ အရသာ ခံ၍ သောက်လိုက်သည်။

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now