ခြေတစ်လှမ်း ကုဋေတစ်သန်းကဲ့သို့ပင် သူမ တစ်လှမ်းချင်းစီ သူ့ရဲ့ အချစ်ဦးလည်း ဆိုသူ ကြင်ဖော်လောင်းဆီသို့ ပါးပြင်ထက် အပြုံးမပျက် ပင် လှမ်းလာခဲ့လေပြီ..
အဖေ့လက်ထဲတွင် ဆုပ်က်ုင်ထားသော နူးညံ့သည့်လက်လေး သူရဲ့ လက်ဖဝါးလေးထဲ ရောက်ရှိသွားတော့ ရင်ဘတ် တစ်ခုလုံး လှုပ်ခတ်သွားလေသည်...
သူမ၏ မျက်နှာထက်တွင်လည်း ရှက်ပြုံးလေးနှင့် ပါးပြင်သည်လည်း နီသွေးလာလေတော့...
သတို့သားဖြစ်သူကလည်း သူ့ရဲ့ နတ်သမီးလေး၏ အမှုအရာအပေါ် ကျေနပ်သော အပြုံးလေးနှင့်တုံ့ပြန်နေသည်..။
ဘယ်လောက်တောင် လိုက်ဖက်ပြီး ချစ်ဖို့ကောာင်းတဲ့ စုံတွဲလဲ...
လူတိုင်းကတော့ဒီလိုဘဲ မှတ်ချက်ပေးနေချိန်မှာ..
တစ်ယောက်သောသူကတော့ စိတ်ထဲတွင်
' အဲ့သတိုးသားနေရာမှာ ငါရပ်နေသင့်တာ..သူ့ရဲ့ နူးညံ့လက်လေးတွေက ငါ့လက်နဲ့ဘဲ ထပ်တူကြနေရမှာ..သူနဲ့ တစ်သက်လုံး ပေါင်းဖက်နေထိုင်သွားရမယ့်သူကလည်း ငါဘဲဖြစ်နေသင့်တာ..'မာန်မန တွေ အနိုင်လိုချင်မှုတွေက Jungkook၏ရင်ထဲ နှလုံးသားထဲအထိ လောက်မြိုက်နေလေသည်။
နူးညံ့တဲ့ နှလုံးသားလေး၊ သူမ နာကျင်မှာစိုးတဲ့ နှလုံးသားလေး အခုတော့ လောင်ကျွမ်းသွားရရှာပြီလေ။
တစ်ကိုယ်ကောင်းဆန်ကာ လောဘစိတ် တမြိုက်မြိုက်နဲ့ Nam Joon ထ၍ ဓာတ်ပုံဖြင့် မင်္ဂလာပွဲအား မှတ်တမ်းတင်နေခိုက် အိပ်ကပ်ထဲရှိ ဘယ်အချိန်တုန်းကမှန်းမသိ ထည့်ပါလာသော ဓားမြောင်တစ်လက်ကို ထုတ်ကာ ကျေားပေးထားသော ထိုစုံတွဲထံ တဖြည်းဖြည်း ချဉ်းကပ်သွားလေသည်။
ထိုင်ခုံတွင် ထိုင်နေကြသော ဧည့်သည်များ အချို့ကသူ့က်ု သတိထားးမိသော်လည်း တစ်ခ်ျု့က မင်္ဂလာမောင်နှံကိုသာ အာရုံစိုက်နေ၍Jungkook က်ု သတိမထားမိကြ။ Nam Joonပါ အပါအဝင်ဖြစ်လေတော့..
သတို့သားနှင့်သတို့သမီး လက်စွပ်လဲချိန်ပင် ရောက်လာတော့..
လက်စွပ်က်ုင် ခလေးမလေးက ယူ၍ လာအပေးတွင် ခလုတ်တိုက် လဲကျကာ လက်စွပ်များမြေပေါ် ဘယ်ရောက်လို့ရောက်မှန်းမသိ တကွဲတပြားဆီ ပျောက်ကွယ်သွားလေတော့..
YOU ARE READING
sᴇʀᴇɴᴅɪᴘɪᴛʏ [✔]
Fantasyⓒⓞⓜⓟⓛⓔⓣⓔⓓ Started on : 4th March, 2018 Ended on : 6th July, 2018 ဘဝဆက်တိုင်း.... မင်းအနားမှာ ရှိနေချင်တယ်.... အမှတ်တမဲ့ တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့်.. အကြာကြီး အတူရှိနေချင်တယ်... ဘယ်ဘဝရောက်ရောက်ပေါ့... ကိုယ်မင်းဆီ လာခဲ့မယ်... pคгк j¡ണ¡ภ, jε๏ภ jนภɢк๏...