Dinner or Disaster?

914 81 0
                                    

ကျွန်​မတို့ စားပွဲဝိုင်းတွင်​ထိုင်​​နေကြသည်​၊ စားပွဲ​ပေါ်၌ စားစရာ​တွေအ​မြောက်​အများပင်​။ အမေ့ရဲ့အထူးစရှယ်ဆိုတာကတော့ creamအလိပ်လေးတွေနှင့် ငရုပ်ဆီတို့ပါဝင်သော ဝက်သား bulgogiပင်​။ နတ်သုဓ္ဓာအလားပင်။ Toothless ကြိုက်သလို ကျွန်မလည်း ကြိုက်သည်။

ကျွန်မနဲ့ Sunnyသည် Tiffanyနှင့် အမေ၏ ရှေ့မျက်နှာချင်းဆိုင်၌ ထိုင်နေကြသည်။

အမေက ရဲဆိုတာသိပြီးသွားတော့ Sunnyကိုကြည့်ရတာ သက်တောင့်သက်သာဖြစ်လာသလိုပင်။

အမေ..သူမကို ဒီလိုခေါ်ရတာ သိပ်သဘောကျသည်။

ကျွန်မ Tiffanyကို ကြည့်နေတုန်း Toothlessက ပတ်ပြေးနေသည်၊ ဒီwolfကတော့ ကျွန်မကို ရယ်အောင်လုပ်နေသည်။

Tiffany ကျွန်မကို စိတ်ရှုပ်သလိုကြည့်နေသည်။

"နင် အရမ်းလှတာပဲ.." ကျွန်မ သူမကို တီးတိုးပြောလိုက်သည်။

Tiffany ရှက်ပြီး ခေါင်းငုံ့သွားသည်။ သူမရှက်နေတဲ့ပုံလေးကို ကျွန်မ သဘောကျသည်။

"သူ ရှက်နေရင် အရမ်းချစ်ဖို့ကောင်းတာပဲ..ငါ သူ့ကို အခု ကိုက်လို့ရပြီလားဟင်." Toothless သွားဖြီးပြနေပုံက ခွေးလိုပင် လျှာကအပြင်ထွက်နေသည်။

Eww! Gross! "နင် ခွေးမဟုတ်ဘူး Toothless..လျှာကို အထဲပြန်ထည့်လိုက်စမ်း." Toothless ဆွဲဆွဲငင်​ငင်​ အော်၍ ကျွန်မကို puppy eyesဖြင့်​ ကြည့်နေသည်။

ကျွန်မ မျက်လုံးမှိတ်ထားလိုက်သည်၊ ကျွန်မရဲ့ wolf ကတော့ တကယ့်ကို မယုံနိုင်စရာပဲ။

"နင် အဆင်ပြေရဲ့လား Tae." Tiffany ကျွန်မလက်ကို အုပ်ကိုင်၍ မေးလာသည်။

ကျွန်မမျက်လုံးဖွင့်လိုက်တော့ သူမ၏ အသက်ရှူမှားလောက်တဲ့မျက်နှာလေးကို တွေ့လိုက်ရသည်။

Toothless သေသွားသလိုမျိုး မြေကြီးပေါ် ပစ်လှဲ၍ သူမ၏ခြေတွေလက်တွေကို လေထဲမှာမြှောက်ထားလိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းနေတော့သည်။ အခုတော့ သူက ရူးနေသောကြောင်လိုပင်။ Crazh SLUTTISH cat!

My Mate (Translation) 《Z & U 》Where stories live. Discover now