S p a c e

838 71 0
                                    

Taeyeon's Pov

ရက်တွေသာကြာသွားခဲ့ပင်မယ့် Tiffany က ကျွန်မကို စကားမပြောသေး၊ သူမ တောင်းဆိုခဲ့သည့်အတိုင်း ကျွန်မ သူမကို တွေ့တိုင်း ရှောင်ဖယ်သွားရန် မနည်းကြိုးစားခဲ့ရသည်၊ ကျွန်မ သူ့ဆီသွားပြီး သူမအဆင်ပြေရဲ့လားဟု မေးချင်လှသည်။

Tiffanyက ကျွန်မကို လျစ်လျူ.ရှုကာ မသိချင်ယောင်ဆောင်နေသည်၊ မသိလျင် ကျွန်မကပဲ ကူးစက်ရောဂါဖြစ်နေသလိုလို။ သူ ကျွန်မကို ကြည့်နေတဲ့ပုံက အေးစက်လှသည်၊ သူ ကျွန်မကို ကြောက်နေသေးသည်။

Toothlessလည်း ငြိမ်ချက်သားကောင်းလှသည်၊ အရင်နှင့် မတူလှ၊ သူ ပထမဆုံးအကြိမ် flea bath ငြင်းဆန်သည်။ သူ ဝမ်းနည်းပက်လက်ဖြစ်ကာ စကားတောင်မပြောတော့။

ကျွန်မရဲ့Panyကို ကျွန်မ လွမ်းလှသည်၊ ကျွန်မ သူမကို ပြောပြလိုက်သည့်အတွက်လည်း၊ ပြလိုက်သည့်အတွက် ကျွန်မ နောင်တရမည်မဟုတ်။

သူမ ကျွန်မကို လက်မခံနိုင်ဘဲ ငြင်းဆန်မည်ဆိုလျင်လည်း ကျွန်မ ဖိအားမပေးပါဘူး။

ကျွန်မ ဘာလို့ အကောင်းမမြင်တတ်တာပါလိမ့်။

ကျွန်မ ကော်ရစ်တာမှာ နံရံကိုမှီရင်း ရပ်နေတုန်း Sunny ရောက်လာသည်။

"Hey loner, နင့်mateက ဘာဖြစ်တာလဲ။ နင့်ကို မသိချင်ယောင်ဆောင်နေတုန်းပဲလား။" သူမ စနောက်ကာမေးသည်။

ကျွန်မ သူမကို ပြန်မဖြေခဲ့။ သူမနဲ့ စနောက်ကာ ဆော့ကစားဖို့ စိတ်မပါပေ။

"သူ့ကို အချိန်ပေးလိုက်ပါ Taeyeon.သူ ငါတို့ကို လက်ခံလာလိမ့်မယ်ဆိုတာ ငါသိတယ်၊ dude." ကျွန်မ သူမကို ပြုံးပြလိုက်ပါသည်။ အနည်းဆုံးတော့ အခု သူမပြောလိုက်သည့်စကားကို ကျွန်မ သဘောကျသည်။

"ဒါနဲ့ နင် အထုပ်အပိုး ပြင်ထားလိုက်၊ ငါတို့ မြို့ပြင်ထွက်ရမယ်။" သူမ မျက်နှာထားကမာလာသည်။

ဒါ ဟိုကိစ္စအကြောင်းပဲဆိုတာ ကျွန်မ သိလိုက်သည်။

"ငါတို့ ဒီ Seoulကရှိခဲ့တဲ့ အရင်packထဲက ဝံပုလွေတွေကို လိုက်ရှာပြီး သူတို့ကို မေးရမယ်၊ alpha ဘာဖြစ်သွားခဲ့တယ်ဆိုတာ သူတို့ ကိုယ်တွေ့ကြုံခဲ့ရမှာပဲ။ ဒီကနေ လမ်းစနည်းနည်းတော့ ရမှာပဲဆိုတာ ငါ သေချာသိတယ်။"သူမ ရှင်းပြပြီးတော့ ကျွန်မ ခေါင်းညိတ်လိုက်သည်။

My Mate (Translation) 《Z & U 》Where stories live. Discover now