The next day at school
အတန်းထဲမှာ မနေ့ကဖြစ်ခဲ့တာတွေကို ကျွန်မ ပြန်စဉ်းစားနေမိသည်။ Taeyeonက အခုဆို ကျွန်မအမေနှင့် ရင်းနှီးနေပြီဖြစ်သည်။ ကျွန်မအမေက ဖိတ်တဲ့အခါတိုင်း ကျွန်မတို့နှင့် ညစာအတူလာစားလေ့ရှိသည်။
ကျွန်မ သူတို့အကြောင်းတွေးနေရင်း အရူးတစ်ယောက်လို ပြုံးနေမိသည်။ ကျွန်မတို့တွဲနေတာနဲ့ပတ်သက်ပြီး အမေ ဘာမှမပြောပေ။ သူမ ကျွန်မကို ဆူလည်းမဆူ၊ ဘာမှလည်းမမေးပေ။
ဒါ တကယ့်ကို မယုံနိုင်စရာပဲ၊ ကျွန်မ လက်ခံလို့ကိုမရသေးဘူး။
"Ya, နင့်ကို ကြည့်ရတာ အရူးအမူးချစ်မိနေသလိုပဲ.." Summer ကျွန်မကို တံတောင်ဖြင့်တွက်လိုက်သည်၊ ကျွန်မ သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။
"ဒါ ရယ်စရာမကောင်းဘူး Sum.." ကျွန်မ မျက်လုံးလွှဲ၍ လေးလံစွာ သက်ပြင်းချမိသည်။
"ဘာဖြစ်လို့လဲ..ဟင်..ပြဿနာတစ်ခုခုရှိလို့လား...Tiff."
"Nah, ဘာမှမဟုတ်ပါဘူး.." ကျွန်မ ငြင်းလိုက်သည်။
"Taeyeonကို ချစ်မိနေပြီလား...ဒါလည်း ကောင်းတာပဲ...ငါ သူ့ကို သဘောကျတယ်.." Summer သဘောရိုးဖြင့် ပြောသည်။
"ပါးစပ်ပိတ်ထား Sum..ငါ သူ့ကို မချစ်ဘူး...ပြီးတော့ ငါက lesbian မဟုတ်ဘူး.." မတိုးမကျယ်သောလေသံဖြင့် ပြောလိုက်သည်။
"ဒါဆိုလည်း ရပ်လိုက်တော့။ သူနဲ့ လမ်းခွဲလိုက်တော့။ ငါ ဆက်ပြီးကြည့်မနေနိုင်တော့ဘူး။ ငါ သူ့ကို မနာကျင်စေချင်ဘူး.." Summer စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်။
ထိုစဉ် ကျွန်မတို့ဆီ Taeyeon အပြေးအလွှားရောက်လာပြီး "နင်တို့ စုပ်တဲ့ဟာ လိုချင်လား.." ဟု သူမ မေးသည်။
Summer မထိန်းနိုင်ဘဲ ရယ်ချလိုက်သည်။
"Oh sorry, ငါပြောချင်တာက lollipop ကိုပြောတာ.."သူမ ရှက်သွားပြီး ကျွန်မတို့ကို lollipop ထုတ်ပေးသည်။
ကျွန်မနဲ့ Summer ယူလိုက်ပြီးနောက် Taeyeonက ကျွန်မဘေးမှာ ထိုင်သည်။
ထို့နောက် နှေးကွေးသောခေါင်းလောင်းက မြည်လာသည်။ Ms.Im သည် အမြဲအချိန်မှန်သည်။ သူမ စာရွက်စာတမ်းတစ်ပုံကြီးနှင့် ဝင်လာပြန်သည်။
![](https://img.wattpad.com/cover/123760581-288-k874218.jpg)
YOU ARE READING
My Mate (Translation) 《Z & U 》
WerewolfThis story is not mine. Credit to original author @naruuu21 Officially get permission from original author ^_^