တစ်ပတ်အကြာမှာတော့ Taeyeon ရဲ့ပုံစံအမှန်က ဖြည်းဖြည်းချင်းပေါ်ထွက်လာသည်။ သူမက တကယ်ကို မကောင်းတဲ့မိန်းကလေးတစ်ယောက်ပဲ၊ ပြီးတော့ ထောင်လွှားတဲ့သူလို့ ခံစားမိသည်။
သူက အနိုင်ကျင့်သူတစ်ယောက်ပဲ။
ကျွန်မပြောချင်တာက သူမ အမြဲတမ်း Nick ကို အနိုင်ကျင့်တယ်။ သူမ သူ့ကိုအမြဲတမ်း လှောင်တယ်။ ကျွန်မ အဲ့ဒါကို မကြိုက်ဘူး။ ကျွန်မ သူမကို မုန်းတယ်။
ဒီတော့ သူပြောတဲ့ စစ်ပွဲဆိုတာ ဒါကိုဆိုလိုချင်တာပေါ့။ သူနဲ့ Nick ကြားက စစ်ပွဲ..ဒါပေမယ့် သူမက ပိုပြီးတော့ ယုံကြည်မှုရှိပြီးတော့ သူ့ထက်လည်း ပိုအားသန်တယ်..ဒါ စစ်ပွဲမဟုတ်ဘူး..သူမဘာသာသူမ ဆုံးဖြတ်ထားတာ..Nick က လူကြီးလူကောင်းတစ်ယောက်...သူမလိုမိန်းကလေးမျိုးနဲ့ သူဘယ်တော့မှ ရန်ဖြစ်မှာမဟုတ်ဘူး..သူမက တကယ်ကို bitch ပဲ..
ဒါပေမယ့် ကျောင်းသားတော်တော်များများက သူမက လန်းတယ်ဆိုပြီး သဘောကျနေကျတယ်..သူများတွေကို နာကျင်အောင်၊ အရှက်ရအောင်လုပ်တာက ဘယ်မှာများ ကောင်းနေလို့လဲ..
အင်း...Nick တစ်ယောက်တည်းကိုပဲ လုပ်တာပါ..သူမ အမြဲတမ်း Nick ကို အခက်အခဲဖြစ်အောင်လုပ်တယ်..သူ့ကို ကျောင်းရဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ် စနောက်တယ်..
ဒါတွေ ဘာလို့ဖြစ်လာရတာလဲဆိုတာ ကျွန်မသိတယ်...ကျွန်မက အဲ့ဒီသနားစရာကောင်းတဲ့သူကို သဘောကျနေပြီးတော့ သူမကိုကျတော့ ငြင်းခဲ့လို့လေ။
Taeyeon ဒီကို စရောက်တဲ့နေ့တုန်းက ကျွန်မက သူ့အပိုင်ပဲလို့ပြောဖူးတယ်..ရူးနေတာလား...ကျွန်မတို့က အခုမှတွေ့တာလေ..ပြီးတော့ ကျွန်မ မိန်းကလေးတွေကို စိတ်မဝင်စားဘူး..ကျွန်မ သူမကို မချစ်ဘူး..ကျွန်မက lesbian မဟုတ်ဘူး..shit..
သူမ ကျွန်မကို တဖြည်းဖြည်းနဲ့ စိတ်တိုလာအောင်လုပ်နေတာပဲ...ကျွန်မ သူ့ကို တားဖို့ တစ်ခုခုတော့လုပ်ရမယ်..Nick ဒီလိုမျိုးဆက်ဆံခံရဖို့ မထိုက်တန်ဘူး..သူက အရမ်းကို ကြင်နာတတ်ပြီးတော့ ရိုးသားတဲ့သူ..
"ငါတို့ တစ်ခုခုတော့ လုပ်မှဖြစ်မယ် Sum." ကျွန်မ စားပွဲကိုလက်နဲ့ရိုက်ရင်း ပြောလိုက်သည်။ အခန်းထဲမှာ ကျွန်မတို့ပဲရှိတယ်..နေ့လည်စာစားချိန်ရောက်နေပြီလေ..

YOU ARE READING
My Mate (Translation) 《Z & U 》
LobisomemThis story is not mine. Credit to original author @naruuu21 Officially get permission from original author ^_^