Implementing the Evil Plan (Unicode)

247 24 0
                                    

After the last period

စင်္ကြံလမ်းတွင် ကျောင်းသားများ ဝိုင်း၍ တစ်ခုခုကို ရယ်မောနေကြသည်ကို ကျွန်မ တွေ့လိုက်ရသည်။ ကျွန်မ တံတွေးမျိုချရင်း Summer ကို ဆွဲခေါ်၍ သူတို့ဆီ သွားကြည့်သည်။

ထို့နောက် အလယ်တွင် ဖုန်မှုန့်များကပ်နေပြီး ရေတွေစိုရွှဲနေကာ ထိုင်နေသော Nick ကိုတွေ့လိုက်ရသည်။ Taeyeonသည် သူ့ဘေးမှာ ရေပုလင်းအလွတ်ကို ကိုင်ထားရင်း ရယ်နေလေသည်။

ထိုမြင်ကွင်းကြောင့် ကျွန်မ လွှတ်ခနဲ ဒေါပွလာကာ ကျောင်းသားအချို့ကို တွန်းဖယ်၍ အလယ်သို့ဝင်လိုက်သည်။ သူတို့အားလုံး ကျွန်မကို ငြိမ်သက်၍ ကြည့်နေကြသည်။

ကျွန်မကိုယ်ကျွန်မ အတတ်နိုင်ဆုံး စိတ်ထိန်း၍ Taeyeonကို ကြည့်လိုက်သည်။

"ငါတို့ စကားပြောဖို့လိုပြီ." သူမ ခေါင်းယမ်းပြီး လှောင်ပြုံးပြုံးနေသည်။

"ဘာလဲ.." သူမ မေးသည်။

သူ ကျွန်မကို စိတ်ကုန်အောင်လုပ်နေတာပဲ..ထို့ကြောင့် ကျွန်မ သူ့လက်ကောက်ဝတ်ကို ခပ်တင်းတင်းဆုပ်ကိုင်၍ "ငါနဲ့လိုက်ခဲ့.."

"ဘာလို့လဲ.." သူမ မျက်မှောင်ကြုတ်နေသည်။

ကျွန်မ ညည်းလိုက်ရင်း သူမကို ဆွဲခေါ်လိုက်သည်၊ သူမက ကျွန်မကို အပြင်သို့ဆွဲခေါ်ခွင့်ပေးသည်။ ကျွန်မ Nick ကိုပြန်ကြည့်လိုက်တော့ သူထိတ်လန့်နေသည်။ ကျွန်မ သူ့ကို တောင်းပန်တိုးလျှိုးသောအကြည့်ဖြင့်ကြည့်ရင်း ထွက်လာခဲ့သည်။

ကျွန်မ ဒါကိုလုပ်မယ်..ကျွန်မ သူ့ကို Nick အပေါ် လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရအောင်လုပ်မယ်..ကျွန်မ ကတိပေးတယ်..

ကျောင်းဝင်းထဲက သစ်ပင်ကြီးတစ်ပင်အောက်မှာ Taeyeonသည် မြက်ခင်းပေါ်ထိုင်နေသည်။ ကျွန်မကတော့ မတ်တပ်ရပ်နေတုန်းပဲ..ထူးဆန်းစွာနဲ့ပဲ ကျွန်မ ဘာမှမပြောဘဲနေနေမိသည်။

ခဏလောက်တော့ တိတ်ဆိတ်နေပင်မယ့် ထို့နောက် ကျွန်မ မေးခွန်းတစ်ခုဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ "နင် ဘာလို့ အမြဲတမ်း ဒီလိုလုပ်နေတာလဲ.."

My Mate (Translation) 《Z & U 》Where stories live. Discover now