Dominated

1K 74 8
                                    

Taeyeon's Pov

ကျွန်မ Tiffany၏အိမ်သို့ Sunny နှင့်အတူတူ ချက်ချင်း အပြေးအလွှား သွားလိုက်သည်။ အမေက ကျွန်မကို ဖုန်းဆက်ပြီး ပြောသည်။ အမျိုးသမီးတစ်ယောက်က အမေ့ကို တိုက်ခိုက်၍ Tiffany ကိုလည်း သူမ ခေါ်သွားတာ သေချာသည်ဟု ပြောလာသည်။

သူတို့အိမ်ရှေ့သို့ရောက်သောအခါ အမေက အိမ်ရှေ့ထွက်ရပ်နေသည်။ ကျွန်မ ကားရပ်လိုက်သောအခါ သူမ ကားဆီသို့ ပြေးလာကာ နောက်ခုံ၌ ဝင်ထိုင်သည်။ အမေက သူ့နဖူးသူ ဖိနှိပ်နေသည်။

"အမေ အဆင်ပြေရဲ့လား?" ဟု ကျွန်မ မေးလိုက်သည်။

အမေက ခေါင်းညိတ်၍ ကျွန်မဂျာကင်အင်္ကျီကို ပေးသည်။ ထိုအင်္ကျီက မနက်က ကျွန်မ Tiffany ဝတ်ဖို့ပေးလိုက်သည့်အင်္ကျီပင်။ "ဒါကို အနံ့ခံပြီးတော့ Tiffany ကို ခြေရာခံလိုက်" ဟု သူမက အမိန့်ပေးလာသည်။

ကျွန်မ မျက်လုံးပြူးသွားရသည်။ ကျွန်မက သမန်းဝံပုလွေဆိုတာကို သူမ သိနေတာလား?

ကျွန်မ ဂျာကင်ကိုယူပြီး အနံ့ခံလိုက်သည်၊ ထိုအင်္ကျီမှည Tiffany ၏ ကိုယ်နံ့စွဲကျန်နေသည်။ ဒါ မရှိရင်တောင် ကျွန်မ Tiffany အနံ့ကို ကောင်းကောင်းသိပါသည်။ သူမက ကျွန်မရဲ့mate ပဲကို သိတာပေါ့။

ကျွန်မ ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်၊ ကျွန်မ လေထဲက သူမရနံ့ကို အနံ့ခံလို့ရသွားသည်။ ကျွန်မ ကားစက်နှိုး၍ ထိုရနံ့နောက်သို့ လိုက်သည်။

**Tiffany သာ တစ်ခုခုဖြစ်လို့ကတော့ ငါ အဲ့bitch ကို သတ်ပစ်မယ်** Toothless အံကြိတ်​ရင်း ပြောသည်။

"ဘယ်သူများဖြစ်မလဲ?" Sunny သူမမေးစေ့ကို လက်ခလယ်ဖြင့် ထိရင်း ပြောလာသည်။

"အဲ့မိန်းမကို အမေ တစ်နေရာရာမှာ တွေ့ဖူးတယ်ထင်တယ်...ကျောင်းမှာများလား၊ မသိတော့ဘူး" အမေ တော်တော်လေးစဉ်းစားနေမှန်း ကျွန်မ သိသည်၊ သို့သော် သူမ အခုထိ ခေါင်းကနာနေမှန်း ကျွန်မ ရိပ်မိသည်။

မိနစ်ပိုင်းလောက် မောင်းလာပြီးနောက် ဒီလမ်းတွေကို ကျွန်မ ရင်းနှီးလာသည်။

My Mate (Translation) 《Z & U 》Where stories live. Discover now