Back to Seoul (Unicode)

220 21 0
                                    

Taeyeon's Pov

Toothless အဆက်မပြတ် အူနေသည်၊ ယခု သူမ အလွန်ပျော်နေသည်၊ သူမ ကဆုန်ပေါက်၍ မြူးထူးပျော်ပါးနေသည်။

တစ်ခါတစ်လေကျတော့လည်း လူတွေလမ်းလျှောက်သည့်အတိုင်း သူမ၏ရှေ့ခြေကိုမြှောက်၍ နောက်ခြေဖြင့်သာလမ်းလျှောက်ရင်း အမြှီးကိုနှံ့ကာ ကနေသည်။

ဟုတ်တာပေါ့၊ Tiffanyက ကျွန်မတို့ကို မနက်ဖြန်တွေ့ချင်တယ်လို့ ဖုန်းဆက်လာတယ်လေ။ ကျွန်မ သူမနဲ့တွေ့ရဖို့ အတော့်ကိုစိတ်လှုပ်ရှားနေသည်၊ ကျွန်မ သူမကို တကယ်ကို အရမ်းလွမ်းနေခဲ့တာ။

အိမ်အပြန်လမ်းမှာတော့ ကျွန်မဘေးကခုံမှာ Sunnyက မျက်နှာကြီးသုန်မှုန်ကာ ပြန်ပါလာသည်။ သူမက မပြန်ချင်သေးဘူးလေ။ သူက အဲ့သည်နေရာမှာ သူ့ရဲ့mateများရှိမလားဆိုပြီး ရှာချင်နေသေးတာ၊ ဒါပေမယ့် အဲ့နေရာကို ကျွန်မတို့သွားရတဲ့ကိစ္စကပြီးသွားပြီလေ၊ အဲ့သည်နေရာကိုရောက်နေတဲ့ Seoulက packအဖွဲ့ဟောင်းထဲက သမန်းဝံပုလွေတွေနဲ့ တွေ့ပြီးစုံစမ်းစရာရှိတာ စုံစမ်းလို့ပြီးသွားပြီ။

Well yeah, Sunny အခုချိန်ထိ mateကို ရှာလို့မတွေ့သေးပါဘူး။

"နင့်ကောင်မလေးက ဖုန်းဆက်ခေါ်တာနဲ့ပဲ နင်က အိမ်ကို ချက်ချင်းပြန်တယ်ပေါ့၊ သူက နင့်ကို ရက်တွေအကြာကြီး ပစ်ပယ်ထားပြီးတော့ အခုမှ ဖုန်းလေးတစ်ခါပဲခေါ်လိုက်တာကို နင်က ချက်ချင်းကြီး သူ့ဆီကို လေးဘက်ထောက်ပြီးသွားမယ်ပေါ့လေ၊ နင်က သူ့ခွေးမှ မဟုတ်တာ။" Sunny ထအော်တော့သည်။

"ဒါ အရေးကြီးတယ် Sunnyရ၊ သူ ငါ့ကို လက်ခံမှာလား လက်မခံဘူးလားဆိုတာကို သူ ဆုံးဖြတ်ပြီးသွားပြီဟ၊ ပြီးတော့ အခု ငါတို့ ပြန်ရောက်နေပြီပဲကို" ကျွန်မ အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်သည်။

Sunny ကျွန်မ မကြားအောင် တိုးတိုး၊တိုးတိုးနှင့် ပွစိပွစိ ပြောနေသည်။ ကိစ္စမရှိပါဘူးလေ၊ သူ စိတ်ဆိုးနေတာမှန်း ကျွန်မ သိတာပဲကို။

"ကဲ...ဟိုကိစ္စအကြောင်း ပြန်ပြောရအောင်.." ကျွန်မ စကားလမ်းကြောင်း လွှဲလိုက်သည်။ "ငါတို့ သူတို့ရဲ့အရင်က alphaအကြောင်း မေးခဲ့တဲ့သမန်းဝံပုလွေအားလုံးပြောကြတာကတော့ သူတို့alphaက သူမဟုတ်သလိုပဲတဲ့၊ ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်တဲ့၊ သူက ရက်စက်ကြမ်းကြုတ်လာပြီး သူ ထိန်းချုပ်ခံထားရတယ်လို့ သူတို့ထင်တယ်လို့ တညီတညွတ်တည်းပြောကြတယ်" ကျွန်မ ရလာတဲ့သတင်းကို ခြုံ၍ပြောလိုက်သည်။

My Mate (Translation) 《Z & U 》Where stories live. Discover now