Epilogue (Unicode)

714 30 1
                                    

Taeyeon's Pov

နောက်ဆုံးတွင် ကျွန်မ ကျိန်စာကို ဖျက်ဆီးအဆုံးသတ်ပြီးနောက်၌ အရာအားလုံး သူ့နေရာသူ ပြန်ဖြစ်လာသည်။

ဘာကြောင့် ကျွန်မတို့၏ဘိုးဘေးဘီဘင်တွေက အမြွှာညီအစ်ကိုနှစ်ယောက်၏ ဝိညာဉ်ကို လည်ဆွဲနှင့် လက်စွပ်မှာ ပိတ်နှောင်ထားသလဲဆိုတာကို ကျွန်မ တွေးမိနေတုန်းပင်။ တကယ်လို့များ သူတို့နှစ်ယောက်ကို ရှေးလူကြီးတွေက သတ်လိုက်ကြတယ်ဆိုလျင်လည်း သူတို့ဝိညာဉ်ကို သူတို့ ရှိသင့်သည့်နေရာမှာ ထားသင့်သည်လေ။

ပြီးတော့ ဒီနေ့ခေတ် ကျွန်မတို့၏ အထက်ကလူကြီးတွေက ဂရုတစိုက်မရှိကြ၊ ဒါကို ကျွန်မ သဘောမကျပေ။ ဒါကြောင့်ပင် ကျွန်မ တစ်ကိုယ်တည်းနေဖို့ ဆုံးဖြတ်ခဲ့ခြင်းပေ။

အခုတော့ ကျွန်မဘဝကို ကျွန်မ ကျေနပ်ပျော်ရွှင်မိသည်။ ကျွန်မရဲ့mateကို ကျွန်မ ရှာတွေ့ခဲ့ပြီး သူနှင့်အတူတူ နေထိုင်နေပြီဖြစ်သည်။

Tiffany၏အမေဈာပနပွဲ ပြီးသည့်နောက် သူမ ကျွန်မအိမ်ကို ပြောင်းကာ ကျွန်မတို့နှင့်အတူတူ နေနေသည်၊ Sunnyလည်း ကျွန်မတို့နှင့် အတူလာနေသည်၊ Yoonaသည်လည်း ကျွန်မတို့နှင့်အတူတူ နေနေသည်။

ဟုတ်ပါသည်၊ Yoona အသက်ရှင်နေပါသေးသည်။

ဘယ်လိုလုပ်ရှင်နေသလဲဆိုရင်တော့? Hmm....

ရှင်းရှင်းလေးပါပဲ...

သူမက လက်စွပ်ဝတ်ထားတာလေ၊ အဲ့ဒါကြောင့် လက်စွပ်ရှိနေတဲ့ သူမလက်ကို ကျွန်မ ကိုက်ဖြတ်လိုက်တာလေ။ သူမကို မသတ်ပဲ ကယ်နိုင်တဲ့နည်းက ဒီတစ်နည်းပဲ ရှိတာကိုး။ ကျွန်မ သူမကို မသတ်ချင်ပါဘူး၊ သူမ မသေသင့်ဘူးလေ၊ ဒါတွေက သူမ ထိန်းချုပ်ခံထားရလို့ ဖြစ်လာတာလေ။ စိတ်မကောင်းစရာတစ်ခုကတော့ သူမရဲ့ဘယ်ဘက်လက်မှာ လက်လေးချောင်းပဲရှိတော့တာပါပဲ။

Yoonaက ဒါကို စိတ်ထဲမထားပါဘူး၊ ဘာပဲဖြစ်ဖြစ် သူမက လှနေတုန်းပင်။

အမေ့အကြောင်းပြောရမယ်ဆိုလျင် ကျွန်မတို့ သူမကို သဂြိုလ်ပြီး ပြာကို ကျွန်မအမေရဲ့ပြာနှင့်ရောကာ ကျွန်မအိမ်အနီးက ကျွန်မမိဘတွေ၏အုတ်ဂူဘေးမှာ မြှုပ်နှံထားလိုက်သည်။

My Mate (Translation) 《Z & U 》Where stories live. Discover now