Mom's Surreptitious (Unicode)

220 20 1
                                    

"သမန်းဝံပုလွေဆိုတာတွေကို အမေ ယုံလား" ဟု ကျွန်မ ထပ်မေးလိုက်သည်။

အမေ ထိတ်လန့်သွားပုံရသည် သို့သော် သူ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားကာ "Oh, သမန်းဝံပုလွေ ဟုတ်လား?"

"ဟုတ်တယ် အမေ၊ သမန်းဝံပုလွေ? "

အမေ သက်ပြင်းရှည်ချကာ ကျွန်မကို စိုက်ကြည့်သည်၊ သူမပုံစံက ပြောင်းလဲသွားသည်။

အမေ့ပုံစံကြည့်ရတာ စိတ်မချမ်းမသာဖြစ်သွားတဲ့ပုံပင်။

"Taeyeonကို ပြောတာမလား"

ကျွန်မ မျက်လုံးပြူးသွားရသည်။

"ဘယ်..ဘယ်လိုလုပ်.." ကျွန်မ မေးစရာစကားမရှိသလို ဆွံ့အနေသည်။

"အမေ စတွေ့တဲ့နေ့ကတည်းက အမေ သိတယ် Tiffany. " ဟု အမေက ရှင်းပြသည်။

"ဘယ်လိုလုပ်?? ဒါဆို အမေသိတယ်ပေါ့..သူက.. သူက.."

"သမန်းဝံပုလွေလေ." အမေက ကျွန်မဘာပြောမယ်ဆိုတာ သိသည့်အလား ပြောလိုက်သည်။

"ဘာ??" "တကယ်လား..အမေသိတယ်ပေါ့??"

"သမီးက Taeyeonရဲ့mateပဲ၊ သမီးက သူ့ဘဝ၊သူ့ကံကြမ္မာပဲ ဒါပေမယ့် အဲ့ဒါက သမီးဆုံးဖြတ်ချက်ပေါ် မူတည်နေသေးတယ် Tiffany. သူ သမီးကို အမှန်အတိုင်းပြောပြီးတော့ သူ့ရဲ့ wolfပုံစံကို ပြလိုက်ပြီလို့ အမေထင်တယ်။" အမေ့စကားကြောင့် ကျွန်မ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

အားလုံးက အမှန်တွေချည်းပဲ။

ကျွန်မ အကြီးအကျယ်အံသြသွားရသည်။ "အမေ ဘယ်လို သိတာလဲ။ အမေ သမီးတို့ကို စောင့်ကြည့်နေတာလား "

အမေက ရယ်မော၍ "မဟုတ်ပါဘူး sweetie ရယ်၊ အမေက သမန်းဝံပုလွေတွေအကြောင်း သိနေရုံလေးပါ"

"ဒါပေမယ့် ဘယ်လိုလုပ်သိတာလဲ?" "သမီးတို့ကကော လူဟုတ်ရဲ့လား?"

"ဟုတ်ပါတယ်၊ အမေတို့က လူတွေဆိုတာ ၁၀၀ရာခိုင်နှုန်းအပြည့်သေချာပါတယ်။ Taeyeonက သမန်းဝံပုလွေဆိုတာကို အမေသိတယ်ဆိုတာက သူက သူ့အမေနဲ့ တစ်ထေရာတည်းတူနေလို့ပါ"

"အမေက သူ့အမေကို သိနေတယ်" ကျွန်မ အမေ လျိုဝှက်ထားတဲ့ကိစ္စတစ်ခုကို သိလိုက်ရတာကြောင့် ပိုပြီးတော့အံသြမိသည်။

My Mate (Translation) 《Z & U 》Where stories live. Discover now