Taeyeon's Pov
ကျောင်းဝန်းအတွင်း၏ သစ်ပင်ကြီးတစ်ပင်အောက်၌
"Sunny, ဘာကိစ္စလဲ"
**ငါတို့ကြည်နူးနေတာကို သူ လာနှောင့်ယှက်ချင်လို့ပဲနေမှာ** Toothless အကြည့်လွှဲသွားသည်။ သူ Sunnyကို တော်တော်လေး စိတ်ဆိုးနေတာပဲ။
ဒါ့အပြင် Toothless၏ အပြုအမူတွေကြောင့် ကျွန်မ အံ့သြနေရသည်။ မနေ့ညက သူမ flea bath မချိုးချင်ဘူးလေ၊ သူ့နဖူးက Tiffanyနမ်းသွားတဲ့အရာလေးကို မပျက်စေချင်လို့တဲ့လေ။ ပြီးတော့ အဲ့ဒါကိုလည်း ကျွန်မကို သူ ခဏခဏကြွားလုံးထုတ်နေသေးသည်။
"ငါတို့ စုံစမ်းနေတဲ့ကိစ္စနဲ့ ပတ်သက်တဲ့အကြောင်း ပြောမလို့၊ ငါ ပြီးခဲ့တဲ့ရက်တွေက သိခဲ့ရတာတစ်ခုရှိတယ်၊ ငါ့အမေ ပြောပြတာ။ သူမက ငါတို့စုံစမ်းနေတဲ့ကိစ္စနဲ့ ပတ်သက်နေလိမ့်မယ်လို့ ကောက်ချက်ချတယ်" Sunny တည်တည်ငြိမ်ငြိမ်နှင့် ပြောသည်။ သူမ အတည်ပြောနေတာပဲဖြစ်မည်။
ကျွန်မ သက်ပြင်းချရင်း Toothlessကလည်း မမှိတ်မသုန် နားထောင်နေသည်။ "ဘာများလဲ"
"ဒီSeoulက ကိစ္စက အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Dae Jung နဲ့ Do Jung တို့ရဲ့ ကျိန်စာနဲ့ ပတ်သက်ကောင်းပတ်သက်နိုင်တယ်" သူမ ပြောရင်း သူမဆံပင်တွေကို လက်ဖြင့်ထိုးဖွလိုက်သည်။
"နေဦး၊ ငါလည်း အဲ့အကြောင်းကို ငါ့အဖိုးအဘွားတွေဆီက ကြားဖူးတယ်။ သူတို့ အပြစ်ပေး၊ အသတ်ခံရပြီးတော့ သူတို့ရဲ့ဝိညာဉ်တွေကို ဆွဲကြိုးနဲ့လက်စွပ်ထဲကို ကူးပြောင်းသွားတယ်လေ။ သူတို့က သူတို့ရဲ့mateတွေကို သူတို့ကို လိမ်ညာတယ်ဆိုပြီးတော့ ရက်ရက်စက်စက် သတ်လိုက်ကြတာ။ သူတို့က တော်ဝင်မျိုးနွယ်တွေ၊ အဲ့သည်အချိန်တုန်းက Dae Jungက alpha၊ သူတို့နှစ်ယောက် သူတို့packတစ်ခုလုံးကို သတ်မိတော့မလိုဖြစ်ခဲ့တာလေ" ဒါ အရူးထတာပဲ။ ကျွန်မတို့ရဲ့mateတွေရဲ့ လိမ်ညာလှည့်စားတာခံရမယ်ဆိုရင် ဒါက နာကျင်ခံစားရတယ်ဆိုပင်မယ့် သူတို့ကို သတ်စရာမလိုပါဘူး။
Sunnyက ခေါင်းညိတ်၍ "နင်ပြောတာ မှန်တယ်။ ကျိန်စာသင့်နေတဲ့ လက်စွပ်နဲ့ဆွဲကြိုးကို အထက်လူကြီးတွေက ထိန်းသိမ်းထားခဲ့ပင်မယ့် အချို့alphaတွေ ခိုးတာခံလိုက်ရတယ်။ အမြွှာတွေက သူတို့နည်းတူ ကိုယ့်mate လှည့်စားတာခံရတဲ့alphaတွေကို ထိန်းချုပ်နိုင်တဲ့အစွမ်းရှိတယ်။ ရာစုနှစ်များစွာကြာခဲ့ပြီ သို့ပင်မယ့် ပြီးခဲ့တဲ့နှစ်တွေက လူတွေသတ်တာခံလိုက်ရတဲ့ alphaတစ်ယောက်ရှိတယ်၊ အဲ့ဒါကြောင့် ဆွဲကြိုးက ဖျက်ဆီးခံလိုက်ရပြီ။ အဲ့ဒါကိုဝတ်ထားတဲ့သူက အသတ်ခံရတာ ဒါမှမဟုတ် သူတို့ထိန်းချုပ်ထားတာကနေ လွတ်မြောက်သွားမယ်ဆိုရင် ကျိန်စာကပြယ်သွားလိမ့်မယ်" ဟု Sunnyက ရှင်းပြစဉ် Toothlessကတော့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

YOU ARE READING
My Mate (Translation) 《Z & U 》
Про оборотнейThis story is not mine. Credit to original author @naruuu21 Officially get permission from original author ^_^