Possessive Type (Unicode)

296 26 0
                                    

Nickရဲ့ဒဏ်ရာကို nurse ဆေးထည့်လို့ပြီးသည်အထိ ကျွန်မ စောင့်နေခဲ့သည်။ nurse ဆေးထည့်ပေးနေတုန်းမှာ Taeyeonက ကျောင်းဆေးခန်းအပြင်ဘက်မှာ စောင့်နေသည်။

"ငါ့ကို ဒီကိုခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ် Tiffany. ငါတော့ ဒီမှာပဲ နေရဦးမယ်ထင်တယ်။ ငါ့မျက်မှန်က ကျိုးသွားပြီလေ။ ငါ မျက်မှန်မပါဘဲ ဘာမှမမြင်ရဘူး။ ငါ နင့်ရဲ့မျက်နှာလှလှလေးကိုတောင် မမြင်ရဘူး" ဟု သူပြောသည်။ ကျွန်မမျက်နှာပေါ်မှာ ခရမ်းချဉ်သီးတင်ထားသည့်အလား ရဲရဲနီနေသည်။

"ရ...ရပါတယ်၊ ကိစ္စမ....မရှိပါဘူး" ကျွန်မ စကားတွေထစ်နေသည်။ Geez.

သူ ခေါင်းငုံ၍ ကျွန်မပါးကို နမ်းလိုက်သည်။ ကျွန်မဗိုက်ထဲမှာ လိပ်ပြာလေးတွေဝဲပျံနေသည့်အလား။

ကျွန်မ နောက်ပြန်ဆုတ်လိုက်သည်၊ ကျွန်မနှလုံးသားက ဒရမ်တီးနေသည့်အလား ခုန်နေသည်။ ကိုယ့်ကိုယ်ကို ထိန်းစမ်း Tiffany Hwang.

"ကျွန်မ...ကျွန်မ သွားတော့မယ်" ကျွန်မ ရှက်ရွံ့စွာပြောလိုက်သည်။

သူ တက်ကြွစွာ ခေါင်းငြိမ့်၍ " ရပါတယ်၊ ကျေးဇူးပါပဲ" သူ့ဂုတ်ကို ပွတ်ရင်းပြောလိုက်သည်။

ကျွန်မ အပြင်သို့ပြေးထွက်လာရင်း လူတစ်ယောက်နှင့်တိုက်မိသည်။ ဘယ်သူရှိမလဲ Taeyeon ပဲပေါ့။ သူ စိတ်တိုနေပုံကြည့်ရတာ အဆင်ပြေမယ့်ပုံမပေါ်ဘူး။ သူမကိုယ်သူမ တစ်ခုခုစီကနေ ထိန်းချုပ်နေပုံရတယ်၊ ကျွန်မ အဲ့ဒါကို သတိထားမိတယ်။

"Ya, နင် Nickကို ဘာလုပ်လိုက်တယ်ဆိုတာ ငါသိတယ်" ကျွန်မ သူမကို မသင်္ကာတဲ့မျက်ဝန်းဖြင့်ကြည့်ရင်း ပြောလိုက်သည်။

သူမ နာကျည်းစွာပြုံး၍ " သူက ကိုးယို့ကားယားနိုင်ပြီးတော့ အားနည်းတယ်။ သူ ဒါနဲ့ ထိုက်တန်ပါတယ်။"

ကျွန်မ ဒေါသထွက်မိသည်။ အခု သူက စိတ်ပျက်ဖို့ကောင်းလာပြီ။ "သူက အဲ့လိုဖြစ်တယ်ပဲထားပါတော့။ ဒါပေမယ့် နင့်မှာ သူ့ကို အနိုင်ကျင့်ဖို့ကော နာကျင်အောင်လုပ်ဖို့ကော အခွင့်အရေးမရှိဘူး။ နင့်အလုပ်မဟုတ်ဘူး။" ကျွန်မ တဲ့တိုးပြောပစ်လိုက်သည်။

My Mate (Translation) 《Z & U 》Where stories live. Discover now