"နင် အတည်ပြောနေတာလား" ဟု သူမမေးတော့ ကျွန်မ ခေါင်းညိတ်ပြလိုက်သည်။
Toothlessက နှာခေါင်းရှုံ့၍ "ဒါပေမယ့် ငါက ခွေးမှမဟုတ်တာ" သူမ မသိချင်ယောင်ဆောင်သွားသည်။ သူ တကယ် သည်လိုလုပ်လိုက်တာလား..Omo...ချစ်စရာလေး ..
ဟုတ်သည်၊ ကျွန်မကို အမေက သည်ပစ္စည်းတွေကို ပေးလိုက်သည်။ ပန်းကန်ပြားပျံရယ်၊ ကြိုးထူထူရယ်၊ ပူစည်းဖောင်းမှုတ်တဲ့ဟာလေးရယ် ပြီးတော့ ဖျစ်ညှစ်လို့ရတဲ့ ကလေးကစားစရာ အရုပ်ရယ် ဖြစ်သည်။ အမေကတော့ Taeyeonအမေနဲ့ ကစားတုန်းက သည်ပစ္စည်းတွေကို သုံးတယ်လို့ပြောတာပဲ။
Toothless မြေကြီးပေါ်မှာ ပျော့တိပျော့ဖတ်နှင့် လှဲနေကာ ကျွန်မကို ပျင်းရိပျင်းတွဲမျက်လုံးများဖြင့် ကြည့်နေသည်။
ကျွန်မ အရုပ်ကို အဝေးကိုပစ်လိုက်တော့ သူမက တကယ်လုပ်နေတာလားဆိုသောအကြည့်ဖြင့် ကျွန်မကို ကြည့်လာသည်။
ကျွန်မ အရုပ်ကို လက်ညှိုးထိုးကာ သွားကောက်ဖို့ပြောလိုက်တော့ သူမ ပျင်းရိပျင်းတွဲဖြင့် သွားကောက်လာသည်။
ကျွန်မ လက်ခုပ်တီးလိုက်သည်။
ထို့နောက် သူမ အရုပ်ကို ကိုက်လိုက်သည်။ အရုပ်က တစစီဖြစ်သွားတော့ သူမ ကိုက်ထားရာမှ လွှင့်ပစ်လိုက်သည်။
"ငါ ဒါကို မကြိုက်ဘူး။ ငါက ခွေးမဟုတ်ဘူး ပြီးတော့ မင်းရဲ့အိမ်မွေးတိရိစ္ဆာန်လည်း မဟုတ်ဘူး" ဟု သူမ ညည်းသည်။
ကျွန်မ ဒီလိုကစားတာက သူ့သိက္ခာကို ထိပါးအောင်လုပ်လိုက်မိသည်ဟုထင်ရသည်။ ဒါပေမယ့် ဒီပစ္စည်းတွေနဲ့ အမေတို့ ပျော်ပျော်ရွှင်ရွှင် ကစားခဲ့တယ်လို့ အမေပြောတာပဲ။
ကျွန်မ ပူစည်ဖောင်းကို ထုတ်လိုက်သည်။ ကလေးတွေက ပူစည်ဖောင်းတွေကို သဘောကျတယ်လေ ပြီးတော့ မှန်းကြည့်စမ်း...ဝံပုလွေတွေလည်း သဘောကျတယ်ကွဲ့ ဟု အမေကပြောခဲ့သည်။
ပူစည်ဖောင်းတွေကို လိုက်ဖမ်းတာက သားရဲတိရိစ္ဆာန်တွေ၏ သားကောင်ငယ်လေးတွေကို လိုက်လံဖမ်းဆီးတတ်တာနှင့် သဏ္ဍာန်တူသည်။ ဝံပုလွေတွေသည် လေထဲမှာဝဲပျံနေသည့်ပူစည်ဖောင်းများနောက်သို့ စောင့်ကြည့်၍လိုက်ဖမ်းရတာကို သဘောတွေ့သည်။ ပြီးတော့ အမေက ပူစည်ဖေါင်းတွေထဲမှာ အဆိပ်သင့်စေမည့်ဓာတ်ပစ္စည်းတွေမပါအောင် သေချာဂရုတစိုက်ပြုလုပ်ပေးထားသည်။ ဒါမှ Taeyeonရဲ့မျက်လုံးထဲကို မတော်တဆဝင်သွားခဲ့မိရင် အန္တရာယ်မဖြစ်စေမှာလေ။
![](https://img.wattpad.com/cover/123760581-288-k874218.jpg)
YOU ARE READING
My Mate (Translation) 《Z & U 》
WerewolfThis story is not mine. Credit to original author @naruuu21 Officially get permission from original author ^_^