Dreams (Unicode)

799 47 1
                                    

Tiffany's Pov

ကျွန်မမျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်မ တောအုပ်ထဲသို့ရောက်နေသည်။ သစ်ပင်တွေ၊ သစ်ရွက်ခြောက်တွေ၊ ငှက်တွေ စသည်ဖြင့် အများကြီးတွေ့ရသည်။

စိတ်ကူးယဉ်အိပ်မက်လိုပဲ။ ကျွန်မ အိပ်မက်မက်နေတာလား။

ကျွန်မ ဒါကို အိပ်မက်လို့သိနေတာ ဖြစ်နိုင်ပါ့မလား။ ကျွန်မ ဘာလို့ ဒီလိုအိပ်မက်မျိုးမက်နေတာပါလိမ့် အံသြစရာပဲ။ ကျွန်မ ဘာလို့ ဒီကိုရောက်နေတာလဲ။ ကျွန်မအထင် ဒီတောအုပ်က ကျွန်မတို့ကျောင်းရဲ့အနောက်ဘက်မှာရှိတဲ့ တောအုပ်ထင်တယ်။

ကျွန်မ ဘေးပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့ လူတစ်ယောက်ကိုတွေ့လိုက်ရသည်၊ တိတိကျကျ ပြောရရင် မိန်းကလေးတစ်ယောက်ပေါ့။ ကျွန်မ သူမရဲ့ နောက်ကျောနှင့် လှိုင်းတွန့်သဏ္ဍာန်ရှည်လျားလှသော သူမ၏ဆံပင်ကိုသာ မြင်ရသည်။

ကျွန်မ သူရှိရာဆီသို့ အမြန်ပြေးသွားသည် သို့သော် ဘယ်လိုမှ သူအနားမရောက်နိုင်ပေ။ မချင့်မရဲဖြစ်စွာဖြင့် ကျွန်မ ဆက်ပြေးသည်။ သို့သော် အချည်းနှီးပေ။

ကျွန်မ ပြေးနေတာကိုရပ်လိုက်ပြီး သူမနောက်ကျောကိုသာ စိုက်ကြည့်နေလိုက်သည်။

ကျွန်မ သူ့နာမည်ကိုခေါ်လိုက်သည်။ သူပြန်လှည့်မကြည့်ပေ။ ထူးဆန်းတာက ကျွန်မ သူ့နာမည်ကိုခေါ်လိုက်ပင်မယ့် သူ့နာမည်ကို ကျွန်မ မမှတ်မိတော့။

ကျွန်မ သူမကို သိလို့လား။ ကျွန်မ သူ့မျက်နှာကို သေမတတ်တွေ့ချင်နေသည်၊ တွေ့ကိုတွေ့ရမှဖြစ်မည်။

" ကျေးဇူးပြုပြီး ငါ့ကိုကြည့်ပါ" ကျွန်မ အလျော့မပေးဘဲပြောလိုက်သည်။

သူမ ကျွန်မဘက်ကို ဖြည်းဖြည်းချင်းစောင်းငဲ့ကြည့်လာသည်၊ ကျွန်မ သူ့ကို တွေ့ချင်နေလှပြီ။ ကျွန်မ သူမကို မမှိတ်မသုန်စိုက်ကြည့်နေစဉ်တွင် ကျွမ်မလည်ချောင်းတွင်း ခြောက်သွေ့လာသလိုခံစားရသည်။ နဖူးတွင်လည်း ချွေးတွေစို့လာသည်။ အသက်ရှူ မှားလောက်တယ်။

သူမ ကျွန်မဘက်သို့လှည့်လာသည့်အချိန်တွင် ကျွန်မ ထင်ယောင်ထင်မှားဖြစ်လာခဲ့သည်။ သူမ တစ်စုံတစ်ရာအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ သူမ တစ်ဖြည်းဖြည်းကြီးထွားလာသည်နှင့်အမျှ သူမအဝတ်အစားတွေသည်လည်း စုတ်ပြဲသွားသည်။

My Mate (Translation) 《Z & U 》Where stories live. Discover now