Tiffany's Pov
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျွန်မ အခုလုပ်နေတဲ့အရာအတွက် နောင်တရမိသည်။ ဒီအလိမ်အညာတွေ၊ ဟန်ဆောင်တာတွေအားလုံးက ကျွန်မရဲ့နှလုံးသားကို နာကျင်စေသည်။
ထပ်ပြီးတော့ ကျွန်မ Taeyeon ကို သဘောကျလာမိတော့မည်၊ သို့သော် သူငယ်ချင်းလိုပါပဲ။ အခုချိန်ထိ ကျွန်မကိုယ်ကျွန်မ lesbian ဒါမှမဟုတ် တစ်ခြားတစ်ခုခုအဖြစ် စဉ်းစားလို့မရသေးဘူး။
Taeyeonက Nickကို အနိုင်ကျင့်တာ ရပ်လိုက်ပြီလေ၊ အဲ့ဒါအတွက် ကျွန်မ သိပ်ဝမ်းသာတာပဲ။ ကျွန်မရဲ့အစီအစဉ်က ဒီလောက်လွယ်လွယ်လေးနဲ့ အလုပ်ဖြစ်ပင်မယ့် ဒါက မှားနေမှန်း ကျွန်မသိပါသည်။ အစီအစဉ်တစ်ခုလုံးက မှားနေတာ။
ဒါပေမယ့် ကျွန်မက ဒီဇာတ်လမ်းကို စထားပြီးသားဖြစ်နေတော့ အဆုံးသတ်သင့်တဲ့အတိုင်း အဆုံးသတ်ပေးရမှာပေါ့။
Taeyeon၏ကားပြတင်းပေါက်ကနေ အပြင်ကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူကားမောင်းနေတုန်း ကျွန်မက ဘေးခုံမှာထိုင်လိုက်လာသည်။ သူ ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးနေတာလေ။
ရုတ်တရက် Taeyeonက ကျွန်မပေါင်ပေါ်ကလက်ကို လာကိုင်တာကြောင့် ကျွန်မ သူ့ကို လှမ်းကြည့်လိုက်သည်။ သူမ လမ်းပေါ်ကိုကြည့်ရင်း ပြုံးနေသည်။
"ငါ နင့်လက်ကို ကိုင်ချင်ပါတယ် Tae..ဒါပေမယ့် ငါ ယာဉ်တိုက်မှုဖြစ်ပြီး မသေချင်သေးဘူး.." ကျွန်မ စဉ်းစားစရာတောင် မလိုဘဲပြောလိုက်မိသည်။ ဒါ ညာပြောတာမဟုတ်။Taeyeon ကျွန်မကို ကိုင်တာ၊ထိတွေ့တာကို သဘောကျပါသည်။
"ငါတော့ နင့်ကို သတိရနေတော့မှာ Pany." သူမ ချိုသာစွာပြောတော့ ကျွန်မ ပြုံးလိုက်မိသည်။
ထို့နောက် Taeyeon ကားကို ညင်သာစွာ ရပ်လိုက်သည်။ အိုး...ကျွန်မတို့ အိမ်ရှေ့ကိုတောင် ရောက်နေပြီပဲ။
ကျွန်မတို့ မောင်းလာတာ မြန်သလိုပဲ။
"ကားပေါ်မှာ ခဏလေးစောင့်နော်." သူမ ကားပေါ်ကဆင်း၍ ကျွန်မဘက်သို့ လျှောက်လာကာ ကားတံခါးဖွင့်ပေးသည်။ "အခု ကားပေါ်ကဆင်းလာလို့ရပါပြီ my love." သူမအပြောကြောင့် ကျွန်မ ရှက်မိသည်။ ထို့နောက် သူမကားပေါ်မှ ကျွန်မ ဆင်းလိုက်သည်။

YOU ARE READING
My Mate (Translation) 《Z & U 》
Hombres LoboThis story is not mine. Credit to original author @naruuu21 Officially get permission from original author ^_^