Tiffany's Pov
ကြောင်တစ်ကောင်လို အကြောဆန့်ရင်း ကျွန်မ နိုးလာသည်။ ကျွန်မ တကယ့်ကို နွေးထွေး၊သာယာစွာ အိပ်ပျော်ခဲ့သည်။ မနေ့ညကအကြောင်းအရာတွေ ခေါင်းထဲပြန်ပေါ်လာသောအခါ ကျွန်မ ပြုံးမိသည်။ မနေ့ညက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်မ အသေးစိတ် မှတ်မိသည်။ အံ့သြဖွယ်ရာ နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသောညလေးပင်။
ကျွန်မ ဘယ်ဘက်ကို လှည့်လိုက်သောအခါ ကျွန်မမြင်ဖူးမျှထဲမှ အချောဆုံး၊အလှဆုံး မိန်းမပျိုအား တွေ့လိုက်ရသည်။ သူမ ကျွန်မနံဘေး၌ အိပ်ပျော်နေရှာသည်၊ သူမ၏ဆံစအချို့က သူမမျက်နှာပေါ် ဝဲကျနေသည်။
ကျွန်မ သူမနှင့် အတူတူရှိနေလျင် ကျွန်မ ဗိုက်ထဲက လိပ်ပြာများက ဘယ်တော့မှ ပျောက်မသွားပေ။ သူမ ကျွန်မကို mark လုပ်လိုက်သည့်အတွက် ကျွန်မ တော်တော့်ကို ဝမ်းသာမိသည်။
ကျွန်မ သိပ်ကိုပျော်ရွှင်မိသည်၊ အဘယ်ကြောင့်ဆိုသော် ဤအမှတ်အသားသည် ကျွန်မတို့နှစ်ယောက် အတူပေါင်းဖက်နေထိုင်ခြင်းကို တရားဝင်ဖြစ်ကြောင်း တံဆိပ်နှိပ်ထားသကဲ့သို့ တည်ရှိနေမှာဖြစ်သောကြောင့်ဖြစ်၏။
Taeyeon က ကျွန်မအပိုင်ဖြစ်သလို ကျွန်မကိုလည်း သူမပိုင်ဆိုင်သည်။
ကျွန်မသည် ကျွန်မအိပ်မက်ထဲက မိန်းကလေးဖြစ်သောသူမကို စိုက်ကြည့်နေမိသည်။ သို့သော် ကျွန်မအိပ်မက်က အရမ်းလွန်လွန်းနေသည်ဟု ကျွန်မ ထင်သည်၊ အဘယ့်ကြောင့်သို့သော် Taeyeon က ကျွန်မကိုရော၊ အခြားသူများကိုပါ ထိခိုက်နာကျင်အောင်လုပ်မည့်သူမျိုး မဟုတ်။ သူမသည် ကြင်နာတတ်၍၊ ခွင့်လွှတ်နားလည်ပေးတတ်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။ သူမသည် တကယ့်ကို တစ်မူထူးခြားသောသူပင်။
ကျွန်မ သူမမျက်နှာနားသို့ ငုံ့ကာ သူမနဖူးကို နမ်းလိုက်သည်။ ထို့နောက် သူမ ကျွန်မလည်ပင်းနားသို့ တိုးဝင်လာသည်၊ သို့သော် ကျွန်မ ရုန်းထွက်၍ သူမနှုတ်ခမ်းကို အပိုင်သိမ်းရန် အောက်ဘက်သို့ ရွှေ့လိုက်သည်။ ဖွဖွလေး နမ်းလိုက်ရုံလေးပင်၊ ပြီးနောက် သူမမျက်နှာတစ်ပြင်လုံးကို ကျွန်မ နမ်းလိုက်သည်။
![](https://img.wattpad.com/cover/123760581-288-k874218.jpg)
YOU ARE READING
My Mate (Translation) 《Z & U 》
WerewolfThis story is not mine. Credit to original author @naruuu21 Officially get permission from original author ^_^