Truth (Unicode)

225 21 3
                                    

ကျွန်မ မနေ့ကပြောသည့်အတိုင်း Taeyeon ကျွန်မကို လာမကြိုခဲ့ပေ။

သူလာမကြိုလို့ ကျွန်မ အရမ်းပျော်တာပဲ။

အမှန်က မပျော်ပါဘူး။

ကျွန်မ သက်ပြင်းချမိသည်။

ဒါ ရူးနေတာပဲဖြစ်မည်။

ကျွန်မ သူ့ကို လွမ်းနေမိပြီ။ သူ ကျွန်မကို မနက်တိုင်း နှုတ်ဆက်တတ်တာကိုလည်း သတိရသည်၊ ကျွန်မအတွက် နွားနို့ သို့မဟုတ်  လက်ဖက်ရည် ယူလာပေးတာကိုလည်း သတိရသည်၊ သူ ကျွန်မကို စိုက်ကြည့်နေတတ်တာကိုလည်း သတိရသည်၊ သူ ကျွန်မလက်ကို ကိုင်ထားပြီးတော့ ကျွန်မပါးကို နမ်းတတ်တာကိုလည်း သတိရသည်။

ကျွန်မ သူမကို သံယောဇဉ်တွယ်မိနေပြီဟု ခံစားမိသည်။

အတန်းက အချိန်ကုန်တာ အရမ်းနှေးလှသည်၊ Taeyeonကလည်း ကျွန်မကို ရှောင်နေသည်၊ သူ့ရဲ့. ဝမ်းကွဲညီမလို့ လိမ်ပြောခဲ့တဲ့ Sunnyဆိုတဲ့ ကောင်မလေးနှင့် သူ အမြဲတမ်း အတူတူရှိနေသည်။

သူနဲ့ အဲ့ဒီကောင်မလေးရဲ့ ဆက်တံရေးကို သူ အမှန်အတိုင်းပြောပြသင့်သည်။ သူတို့ တွဲခဲ့ကြတယ်ဆိုရင်တောင်မှ ကျွန်မ စိတ်ဆိုး၊ ဒေါသထွက်မည် မဟုတ်။

စိတ်မဆိုးဘူးလို့ ထင်ရတာပဲ။

နည်းနည်းတော့ စိတ်ဆိုးချင်ဆိုးမှာပေါ့။

လိမ်ညာပြီး သမန်းဝံပုလွေတွေအကြောင်း ပုံပြင်တွေလာပြောနေတာထက်စာရင်တော့ ဒါက တော်ပါသေးသည်။ Gosh, ကျွန်မက လှည့်စားလိမ်ညာလို့ရတဲ့ ကလေးအရွယ်မှမဟုတ်တော်တာ။

အတန်းချိန်ပြီးသွားတော့ Taeyeon ကျွန်မကို သူတို့အိမ်သို့ ခေါ်သွားသည်။ သူ ကျွန်မကို စကားလည်းမပြော၊ လှည့်တောင်မကြည့်ပေ။ ကျွန်မ အရမ်း စိတ်ဆိုးသည်။

ဒါနဲ့ သူ့အိမ်က တောအုပ်ထဲမှာ ရှိနေတာလား၊ တကယ်ကြီး? သူ့အိမ်ကို တွေ့လိုက်တော့ ကျွန်မ အံသြသွားရသည်။ အိမ်ကြီးက အရမ်းဟောင်းနေပင်မယ့် ကြီးမားလှသည်။ အိမ်ကြီးက ကြောက်ဖို့မကောင်း သက်တောင့်သက်သာနှင့် နွေးနွေးထွေးထွေးရှိသလို ခံစားရသည်။ ကျွန်မ သဘောကျသည်။

My Mate (Translation) 《Z & U 》Where stories live. Discover now