Toothless (Unicode)

277 24 0
                                    

ဒီနေရာမှာ Toothless ကိုယူသုံးမယ်နော်..ဘာလို့လဲဆိုတော့ Night Fury ကိုချစ်လွန်းလို့..ကြည့်ဖူးကြတယ်မလား How to train your dragon ထဲကလေ...Thank you

Here you go, my favourite character's point of view. 😍😍

******

Taeyeon's Pov

ကျွန်မအိမ်က အခန်းထဲမှာပေါ့...

ကျွန်မ ကျောင်းမှာဖြစ်ခဲ့တာကို တစိမ့်စိမ့်ပြန်တွေးနေတုန်းပဲ..

Tiffany က ငါရဲ့မိန်းကလေး?? နင်ရော စိတ်ကူးယဉ်ဖူးလား..Toothless??

Toothless?

နင် ရှိလား?

ဟေ့ကောင်..

Psstt...Ya, Toothless!! တစ်ခုခုတော့ပြောဦးလေဟာ..

ဒီကောင်ကွာ ဟု ကျွန်မညည်းလိုက်သည်။

Toothless!!

ထို့နောက် ကျွန်မ မာန်ဖီသံတိုးတိုးလေး ကြားလိုက်သည်။ Toothless က မြေပေါ်မှာ ရူးနေတဲ့ကြောင်လိုမျိုး.လှိမ့်နေတယ်..သူမကိုယ်ကိုခါယမ်းနေရင်း ရယ်နေတာကို ကျွန်မတွေ့လိုက်သည်။ သူမအပြုအမူကြောင့် ကျွန်မ မျက်လုံးလွှဲလိုက်သည်။

အိုး...ကျွန်မ မိတ်ဆက်ဖို့မေ့နေတာ..Sorry.

Toothless ဆိုတာ ကျွန်မပဲလေ...ကျွန်မရဲ့ wolf ပုံစံပေါ့...ဟုတ်ပါတယ်...ကျွန်မက werewolf ပါ..ရှင်တို့ ခန့်မှန်းမိလောက်မှာပါ..

Toothless အကြောင်းပြောနေတာဘက်ကို ပြန်သွားရမယ်ဆိုရင်တော့...ကျွန်မ သူ့ကို ကျွန်မငါးနှစ်သမီးအရွယ်ကတည်းက ဒီလိုခေါ်ခဲ့တာ...အင်း..ကျွန်မတို့ ငါးနှစ်အရွယ်တုန်းကပေါ့..အဲ့ဒီအချိန်ကတည်းက ခုနှစ်သမီးအရွယ်ရောက်တဲ့အထိ သူက သွားတွေမပေါက်သေးဘူးလေ...သူက သွားပေါက်တာ နောက်ကျတယ်လေ...

ကျွန်မအကြောင်းပြရမယ်ဆိုရင်တော့...ကျွန်မက Jeonju မှာနေပါတယ်..ကျွန်မ အဲ့ဒီမှာ ကျွန်မအဘိုးအဘွားတွေနဲ့ ကလေးဘဝအရွယ်ကတည်းကနေ အထက်တန်းတက်တဲ့အထိ အတူတူနေခဲ့ပါတယ်...ကျွန်မအဘိုးအဘွားတွေက ကျွန်မတက္ကသိုလ်တက်မယ့်အရွယ်မှာပဲ ဆုံးပါးသွားပါတယ်..ကျွန်မအတွက်တော့ တော်တော့်ကို ခက်ခဲခဲ့တဲ့အချိန်ပါပဲ...ကျွန်မမှာ သူတို့ပဲရှိခဲ့တာလေ..ကျွန်မမိဘတွေက လူတွေကြောင့် သေသွားရတာလေ..ဒါပေမယ့် ကျွန်မ လူသားတွေကို မမုန်းပါဘူး..မကောင်းတဲ့လူသားတစ်ယောက်ကြောင့်နဲ့တော့ အားလုံးက သူ့လိုပဲလို့ မပြောနိုင်ဘူးလေ...
ကျွန်မ Seoul ကို ပြောင်းလာတော့ ကျွန်မမိဘတွေ နေခဲ့ဖူးတဲ့အိမ်မှာပဲ ပြောင်းနေခဲ့တယ်..အိမ်ကြီးက အိုမင်းဟောင်းနွမ်းနေပင်မယ့် ခမ်းနားကြီးကျယ်ပါတယ်..

My Mate (Translation) 《Z & U 》Where stories live. Discover now