Accepted (Unicode)

240 22 1
                                    

Tiffany's Pov

The next day

ကျွန်မ Taeyeon၏အိမ်သို့ ကျွန်မရဲ့ပန်းရောင်ကျောပိုးအိတ်လေးကို လွယ်၍သွားလိုက်သည်။ အိတ်ထဲမှာတော့ အမေ ကျွန်မကို Taeyeonနဲ့အတူတူရှိတဲ့အခာ အဆင်ပြေစေဖို့ပေးလိုက်တဲ့ပစ္စည်းအချို့ကို ထည့်လာခဲ့တယ်လေ။

ကျွန်မ သူ့အိမ်ရှေ့တံခါးဝသို့ရောက်သည်နှင့် တံခါးခေါက်လိုက်သည်။ သူ ဒီနေ့နေ့လည်ရောက်မယ်လို့ ကျွန်မကိုပြောထားသည်။ ခဏလောက်ကြာတော့ တစ်ယောက်ယောက်က တံခါးလာဖွင့်သံကို ကြားလိုက်ရသည်။ တံခါးက ဖြည်းဖြည်းချင်းပွင့်လာပြီး အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်။

သူမကို တွေ့လိုက်ရတော့ ကျွန်မ အံ့သြလွန်း၍ မျက်လုံးတွေဝိုင်းစက်လာကာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူမက Miss Imပဲ၊ ကျွန်မတို့ရဲ့ professor! သူမက ဒီမှာဘာလုပ်နေတာလဲ?

Miss Imက ကျွန်မကို အားပါးတရပြုံးပြ၍ "Oh....Miss Hwang, ဒီကို ဘာလာလုပ်တာလဲ၊ Taeyeonက Sunnyနဲ့အတူတူ မြို့ပြင်သွားနေတယ်။" ဒါဆို သူ တကယ်ပဲ Sunnyနဲ့အတူတူရှိနေတာပေါ့ ဟုတ်လား? မြို့ပြင်? ဘာ? သူတို့ ဒိတ်လုပ်နေကြတာလား?

Miss Imက ကျိတ်ရယ်၍ "ရှင် ထင်နေသလိုမျိုးမဟုတ်ပါဘူး Miss Hwang. "

ကျွန်မမျက်နှာ ရဲခနဲဖြစ်သွားရသည်။ "မနေ့ကညက ကျွန်မ သူနဲ့ ဖုန်းပြောတုန်းက သူ ဒီနေ့နေ့လည်ဘက် ပြန်ရောက်မယ်လို့ပြောတယ်"

"Okay, မင်း သူ့ကို အိမ်ထဲမှာ ထိုင်စောင့်နေလို့ရပါတယ်" Miss Imက သူနဲ့ တစ်အိမ်တည်းအတူတူနေ၊နေလို့ Taeyeonက သူ့အိမ်ထဲကို ကျွန်မကို မဖိတ်ခဲ့တာပေါ့??

"Um....Miss Im-" ကျွန်မ သူမကို မေးတော့မည့်အချိန်၌ သူမက ဖြတ်ပြောသည်။

"ကျွန်မ ဘာလို့ဒီအိမ်မှာရှိနေတာလဲဆိုတာကို ရှင်တွေးနေမယ်ဆိုရင်တော့ ကျွန်မက သူ့ရဲ့အုပ်ထိန်းသူပါ၊ ဒါပေမယ့် Taeyeonက အိမ်မှာတော့ mistressပါ။ သူ့ရဲ့ပုံစံအမှန်ကို ရှင်သိပြီးလို့ ကျွန်မထင်တယ် ဟုတ်တယ်မလား" သူမက တကယ်ကို ထက်မြက်တာပဲ၊ ကျွန်မရဲ့အမူအရာနဲ့ ကျွန်မရဲ့မျက်ဝန်းတွေကို ကြည့်ပြီးတော့ ကျွန်မအတွေးတွေကို သူသိနေတာပဲ။

My Mate (Translation) 《Z & U 》Where stories live. Discover now