Pleaded

1.1K 112 4
                                    

Monday at school

Yes!! တနင်္လာနေ့ ထပ်ရောက်လာပြီ။ ကျွန်မ တနင်္လာနေ့ ရောက်တာကို သဘောကျသည်၊ အဘယ်ကြောင့်ဆိုသော် နေ့သစ်တစ်နေ့ နောက်ထပ်စတင်လာသောကြောင့် ဖြစ်သည်။ အခုတော့ ကျွန်မရဲ့Taeyeonနဲ့အတူတူ ကျောင်းမှာ ငါးရက်တောင် တွေ့ရတော့မှာဆိုတော့ ပို၍သဘောကျသေးသည်။

အရာအားလုံး အရင်အတိုင်းပြန်ဖြစ်လာသည်။ Taeyeon ကျွန်မတို့အိမ်ကို လာပြီး ကျွန်မကို လာခေါ်သည်၊ ပြီးတော့ သူနှင့်အတုတူရှိနေသည့်အချိန်တိုင်း ကျွန်မ ပျော်ရွှင်တက်ကြွနေသည်။

Taeyeonက ကျွန်မအတွက် မူးယစ်ဆေးလိုပင်၊ ကျွန်မ သူ့အပေါ် အရမ်းကိုစွဲငြိနေပြီ။ ဒါပေမယ့် သူမက ကျွန်မအတွက် ကောင်းတဲ့မူးယစ်ဆေးပေါ့၊ ကျွန်မကတော့ သူ့ရဲ့ vitamin လေးပေါ့၊ ကျွန်မက သူ့ကိုအားအင်တွေပေးစွမ်းနိုင်တယ်လို့ သူပြောဖူးတယ်လေ။

အခု ကျွန်မတို့ စာသင်ခန်းထဲမှာပေါ့၊ Taeyeonက သူ့ခုံကို ကျွန်မဘက်ကပ်ကာ ကျွန်မပခုံးကို လှမ်းဖက်လိုက်သည်။ ကျွန်မ သူ့ပခုံးကိုမှီထားကာ ကျွန်မကျောကို သူမရင်ဘက်နှင့် ကပ်ထားကာမှီနေလိုက်သည်။

ကျွန်မအတွက်တော့ ဒီလိုနေရာတာက ဇိမ်ရှိလှသည်။

ကျွန်မ Taeyeonလက်ကို လှမ်းကိုင်၍ လက်ချင်းယှက်ထားလိုက်သည်။

"အမယ်လေးလေး... ငါ့မျက်လုံးတွေ...သူတို့က လာကြည်နူးနေကြပါလားနော်..." ဟု Summer ကစနောက်သည်။

Taeyeonက ကျွန်မကို နမ်းလိုက်ပြီး "ငါ ဒီမိန်းကလေးကို သိပ်ချစ်တယ်...သူမက ငါ့အပိုင်​ပဲ"

ကျွန်မ ပြုံး၍ "ငါလည်း နင့်ကို ချစ်ပါတယ် Taeyeon." ဟု ကျွန်မပြောပြီး သူမလက်မောင်းကို ဖွဖွလေးကိုက်လိုက်သည်။

Summer မျက်ခုံးပင့်သွားသည်၊ ကျွန်မ ဒီလိုအပြုအမူမျိုး လုပ်လိမ့်မယ်လို့ သူ မထင်ထားဘူးလေ။ ကျွန်မ Taeyeonကို ချစ်မိသွားပြီဆိုတာကို သူ့ကို မပြောပြရသေးဘူး။

ထိုစဉ် Sunny အခန်းထဲသို့ ဝင်လာ၍ ကျွန်မတို့ဆီ တည့်တည့်လျှောက်လာသည်၊ သူမမျက်နှာက အရေးကြီးဟန်တူသည်။

My Mate (Translation) 《Z & U 》Where stories live. Discover now