Tiffany's Pov
ကျွန်မ Taeyeonက သမန်းဝံပုလွေဆိုသည့်အချက်ကို လက်ခံနိုင်ဖို့ ကြိုးစားနေတုန်းပင်။
သမန်းဝံပုလွေ
စိတ်ကူးယဉ်ဇာတ်ကောင်
သားရဲတိရိစ္ဆာန်တစ်ကောင်
မကောင်းဆိုးဝါးတစ်ကောင်
မဖြစ်နိုင်တာ
ရူးနေတာပဲဖြစ်မည်။
.
.
.
.
.
.
.
ဒါပေမယ့် အံသြဖွယ်ကောင်းသည်။သူ ကျွန်မကို နာကျင်အောင်လုပ်မှာကို ကြောက်ရွံနေသေးသည်၊ ဒါမှမဟုတ် နာကျင်အောင်မလုပ်လောက်ပါဘူး။ ** နင် အပိုတွေလုပ်နေတာပဲ။ **
ကျွန်မဆံပင်တွေကို ထိုးဖွရင်း ကျယ်လောင်စွာ ညည်းညူလိုက်သည်။ ကျွန်မအခန်းထဲမှာ ပြီးခဲ့တဲ့ရက်တွေက ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားနေမိသည်။
Taeyeonက ကျွန်မကို ရှောင်နေသည်၊ သို့သော် တစ်ခါတစ်ရံတော့ သူ ကျွန်မကို စကားလာပြောသည်၊ ဒါပေမယ့် ကျွန်မ သူ့ကို ပြန်မပြောခဲ့။
ကျွန်မ ပြန်မပြောနိုင်ဘူး၊ သူမအနားမှာရှိနေရင် အန္တရာယ်ရှိတယ်လို့ ခံစားနေရသည်။
** အပိုတွေ လုပ်ပြန်ပြီ။ **
ပါးစပ်ပိတ်ထား!!! ကျွန်မရဲ့မသိစိတ်က ကျွန်မကို အတိုက်အခံလုပ်နေတာလား?? သွားစမ်းပါ...
"ဒါပေမယ့် ငါ သူ့ကို လွမ်းတယ်.." ကျွန်မ တိုးတိုးလေး ပြောလိုက်သည်။
Oh no, တကယ်ပဲ ကျွန်မပါးစပ်က ဒီလိုမျိုး ပြောမိတာလား။
ကျွန်မ ကုတင်ပေါ်မှာ ထိုင်နေရင်း မျက်နှာရှုံ့မဲ့မဲ့ဖြစ်သွားသည်။
Taeyeon ပျောက်နေတာ နှစ်ရက်ရှိပြီ၊ Sunny ဆိုတဲ့ကောင်မလေးကောပဲ။ သူတို့ တစ်နေရာရာမှာ အတူတူရှိနေကြတာများလား။
** ကျွန်မ သူ့ကို ငြင်းလိုက်တယ်လို့ထင်ပြီး Taeyeon က Sunnyကို သူ့ရဲ့ mate အဖြစ်လက်ခံလိုက်ရင် ဘယ်လိုလုပ်မလဲ ** သူတို့က တစ်ယောက်နဲ့တစ်ယောက် အမျိုးမှမတော်တာ၊ ဒါ ဖြစ်နိုင်ချေရှိသည်။
ပြီးတော့ အခု သူတို့ date လုပ်နေကြရင်ကော??
မဟုတ်သေးဘူး၊ mateဆိုတာက Moon goddess က ရွေးချယ်ခံထားရတာဟု သူပြောဖူးသည်။

YOU ARE READING
My Mate (Translation) 《Z & U 》
Hombres LoboThis story is not mine. Credit to original author @naruuu21 Officially get permission from original author ^_^