ကျွန်မခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေတုန်းပင်၊ အဲ့ဒီဝံပုလွေ၏ပုံရိပ်တွေကို မြင်ယောင်မိနေသည်၊ မဟုတ်သေး၊ အဲ့ဒါ Taeyeon။
ကျွန်မ အခု သူ့ကားထဲမှာ၊ ကျွန်မတို့ ကျွန်မရဲ့အိမ်ရှေ့ကိုတောင် ရောက်နေပြီဖြစ်သည်။
ကျွန်မ ခေါင်းငိုက်စိုက်ကျ၍ တုန်ယင်နေသော ကျွန်မ၏လက်တွေကို စိုက်ကြည့်နေမိသည်၊ ကျွန်မ ကိုယ့်ကိုယ်ကို မထိန်းနိုင်သေးဘူးပဲ။
ကျွန်မ ကြောက်နေသေးသည်။
ကျွန်မမြင်ခဲ့တာတွေကို မယုံနိုင်သေးဘူး၊ သမန်းဝံပုလွေဆိုတာ တကယ်ရှိနေတာလား၊ ဒါတွေက အယူသီးတာ၊ ဒါမှမဟုတ် စိတ်ကူးယဉ်ဇာတ်ကောင်လို့ထင်နေတာ၊ ဒါပေမယ့် ကျွန်မ ဒီနေ့ နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရတယ့်အခါမှာတော့ သူက အန္တရာယ်ရှိလောက်အောင် လှပသည်။
ပြီးတော့ ဒါမဖြစ်သင့်ဘူး။
"Pany.." Taeyeon ကျွန်မကို လှမ်းကိုင်မလို့လုပ်သည့်အခါ ကျွန်မ နောက်တွန့်သွားသည်။
"ငါ့ကို မထိနဲ့..." ကျွန်မ လေသံဖြင့်ပြောလိုက်သည်။
"အခု နင် အမှန်အတိုင်း သိသွားပြီဆိုတော့.."
"တော်တော့ Taeyeon၊ ငါ စဉ်းစားဖို့လိုတယ်၊ ငါ့အတွက် အချိန်လိုတယ်၊ နင်က သမန်းဝံပုလွေဆိုတာ ငါ ဘယ်လိုမှလက်ခံပေးလို့မရသေးဘူး" ကျွန်မ ခက်ခက်ခဲခဲ အသက်ရှူ နေရသည်။
သူ ကျွန်မကို စားလိုက်ရင် ဘယ်လိုလုပ်မလဲ။
ဒါမှမဟုတ် marking လုပ်မယ်ဆိုရင်ကော..
ကျွန်မ သူ့ကို mate အဖြစ်လက်မခံရင် သူ ကျွန်မကို သတ်မှာလား။
ကျွန်မ ဒါကို အဆုံးသတ်ဖို့လိုတယ်၊ မဟုတ်ရင် ကျွန်မ သူ့ဆီကို အတင်းအကျပ် လုပ်ခိုင်းခံရလိမ့်မည်။
သူမက ကွဲပြားခြားနားသည်။
Sunnyက သူမနဲ့ မျိုးနွယ်တူဆိုရင်တောင်မှ သူတို့နှစ်ယောက်က မတူပေ။
သူတို့က သားရဲတိရိစ္ဆာန်တွေ။
မကောင်းဆိုးဝါးတွေ။
"ငါ တောင်းပန်ပါတယ် Pany."
"ငါက နင့်ရဲ့ mate လား."
"ဟုတ်တယ်."
"ဒါဆို နင် ငါ့ကို အမှတ်အသားလုပ်မှာလား."
"အချိန်ကျရင်ပေါ့.." သူမ ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေသည်။
"ဘယ်တော့မှ အချိန်ကျမှာလဲ.."
"နင် အဆင်သင့်ဖြစ်တဲ့အချိန်ပေါ့.." သူ နောက်နေတာလား၊ အဆင်သင့်ဖြစ်ရင်၊ ကျွန်မ ဘယ်တော့မှ အဆင်သင့်ဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ သူကိုက်မှာကို ကျွန်မ ခွင့်ပြုမှာမဟုတ်ဘူး။
"ငါ နင့်ကို အတင်းဖိအားပေးမှာမဟုတ်ပါဘူး Pany ah-.."
"ငါ သွားတော့မယ်၊ ကျေးဇူးပြုပြီး အခုချိမ်ကစပြီး ငါ့ကို ရှောင်နေပေးပါလား." ကျွန်မ ပြောခဲ့သလိုပဲ၊ ကျွန်မ အချိန်လိုတယ်လေ။
"ဒါပေမယ့် Pany-."
ကျွန်မ သူပြောတာ နားမထောင်ချင်၍ ဖြတ်ပြောလိုက်သည်။ "ကျေးဇူးပြုပြီး အခုတော့ ငါ့ကို တစ်ယောက်တည်းနေခွင့်ပေးပါ.. "
ကျွန်မ သူ့ကားပေါ်ကဆင်း၍ အိမ်ထဲသို့ မြန်မြန်ဝင်လာခဲ့သည်။
ကျွန်မက မကောင်းဆိုးဝါးနဲ့ အတူတူနေရမယ်ဆိုတာ မဖြစ်နိုင်ဘူး။
သူက မကောင်းဆိုးဝါးပဲ။
*******
#####
Your votes and feedbacks are vitamin for me 💙💙💙💙
Thank you for reading 🙆🙆🙆🙆
![](https://img.wattpad.com/cover/123760581-288-k874218.jpg)
YOU ARE READING
My Mate (Translation) 《Z & U 》
WerewolfThis story is not mine. Credit to original author @naruuu21 Officially get permission from original author ^_^