Morning at school
အခုချိန်ကစပြီးတော့ ကျွန်မ Tiffany ကို အိမ်ကနေကျောင်း၊ ကျောင်းကနေအိမ်ကို အကြိုအပို့ လုပ်ပေးတော့မည်။ ဒါက girlfriend ကောင်းတစ်ယောက် လုပ်ရမယ့်အရာပဲလေ..ပြီးတော့ ကျွန်မကိုယ်တိုင်လည်း သူမအတွက် လုပ်ပေးချင်တဲ့ဆန္ဒရှိပြီးသားပါ...
တကယ်တမ်းတော့ ကျွန်မ သူ့အနားမှာ 24/7ရှိနေချင်တာပါ။ Toothless ဆောင့်ကြောင့်ထိုင်နေရင်း အမြှီးနှံ့ကာ ကျွန်မကို လိမ်မာတဲ့ puppy လေးလို ကြည့်နေသည်။
ဘာလို့လဲသိလား...
ဘာလို့လဲဆိုတော့ စင်္ကြံလမ်းမှာ ကျွန်မရဲ့ကောင်မလေးက ကျွန်မဘေးမှာ လက်ချင်းတွဲပြီး လျှောက်နေလို့လေ..လူတွေက ကျွန်မတို့ကို ကြည့်နေကြသည်။ ကျွန်မတို့ ဘာလို့အတူတူရှိနေကြတာလဲဆိုပြီး တွေးကောင်းတွေးနေကြမှာပေါ့...
Toothless ခုန်ပေါက်ပြေးလွှားနေသည်။ သူ့အပြုံးတွေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်၊ တစ်သက်လုံး ပြုံးနေတော့မယ့်အတိုင်းပဲ...
"သူမက ငါတို့ကို အသည်းဘဝင်ခိုက်စေတာပဲ..." ဟု Toothless ကပြောသည်။
"ငါသိပါတယ်..." ကျွန်မ ပြန်ပြောလိုက်သည်။
ရှင်တို့ တွေးကြည့်ဖူးလား?....ကျွန်မ ကိုယ့်ကိုယ်ကို စကားပြန်ပြောနေတာကိုလေ...ဒါပေမယ့် သူမက ကျွန်မရဲ့ wolf formလေ...ရူးတယ်လို့ထင်ရပင်မယ့် ကျွန်မကလည်း သူ....သူကလည်း...ကျွန်မ ဖြစ်နေတာလေ...သူမက ကျွန်မထက် ပိုပြီး ရိုင်းရိုင်းစိုင်းစိုင်းဖြစ်ပြီးတော့ ပိုပြီးတော့လည်း အကြောက်အလန့်ကင်းတယ်...ကျွန်မက ပိုပြီတော့ အားနည်းတယ်..ဘာလို့လဲဆိုတော့ ကျွန်မက သူမရဲ့ လူသားပုံစံလေ..ဒါပေမယ့် သေချာတာတစ်ခုတော့ ရှိပါသေးတယ်...အဲ့ဒါကတော့ ကျွန်မက သာမန်လူသားတွေထက် ၁၀ဆပိုပြီးတော့ သန်မာတယ်...ဒါကတော့ သံသယဖြစ်စရာမရှိဘူး...

YOU ARE READING
My Mate (Translation) 《Z & U 》
Hombres LoboThis story is not mine. Credit to original author @naruuu21 Officially get permission from original author ^_^