The Marking (Unicode)

336 22 0
                                    

Tiffany's Pov

At the rooftop with my Tae

ကျောင်းခေါင်မိုးပေါ်တွင် ကျွန်မ သူ့ကိုမှီထား၍ သူကလည်း ကျွန်မကို ပြန်ဖက်ကာ ထိုင်နေကြသည်။ ကျွန်မခေါင်းကို သူ့ပခုံးပေါ်တင်၍မှီထားသည်၊ သူမလက်မောင်းကြားတွင် လုံခြုံနွေးထွေးသလို ခံစားရသည်။

"အရမ်း ဇိမ်ကျတာပဲ။ ငါ တဖြည်းဖြည်းနဲ့ ဒီလိုနေရတာကို သဘောကျလာပြီ" ဟု ကျွန်မ ပြောလိုက်သည်။ ထိုအခါတွင် သူမ ကျွန်မ၏နားသယ်စပ်နားကို နမ်းလိုက်သည်။

"ငါလည်း အတူတူပါပဲ။ နင့်ကိုယ်ငွေ့ကို ငါ ခံစားလို့ရတယ် Pany ah.." သူမ ကျွန်မခေါင်းပေါ် သူမမေးစေ့လေးတင်လိုက်သည်။

သူမ၏ကိုယ်နံ့က ကျွန်မကို ဆွဲဆောင်ထားသည်၊ ပြီးတော့ သူမရင်ခုန်သံကိုလည်း ကျွန်မ ခံစားလို့ရနေသည်၊ ကျွန်မရင်ခုန်သံနှင့်ထပ်တူပင်။ ကျွန်မရင်ခုန်သံတွေသည် အပြေးစက်ပေါ်၌ အမြန်ပြေးနေသလိုမျိုး မြန်မြန်ခုန်နေသည်။ ထို့အပြင် ကျွန်မ သူမနှင့်လက်တွဲထားတာကို မဖြုတ်ချင်၊ ကျွန်မ သူမ၏အထိအတွေ့ကို အမြဲတမ်းတောင့်တလျက်ရှိသည်။

ဤခိုင်မာမြဲမြံသောခံစားချက်များသည် သူမတစ်ဦးတစ်ယောက်တည်းအတွက်သာ။

ကျွန်မ Kim Taeyeon ကို ချစ်သည်။

Hwang Tiffany သည် Kim Taeyeonကို ချစ်သည်။

ကျွန်မ Taeyeon ဘက်သို့လှည့်၍ မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ ဘုရားရေ.... ဒီနတ်မိမယ်လေးက ဆွဲဆောင်မှုရှိလိုက်တာ၊ ကျွန်မရဲ့သည်းခံနိုင်စွမ်းကို သူမ လာစမ်းနေတာပဲ။ ကျွန်မ သူမ၏ပန်းနုရောင်နှုတ်ခမ်းပါးလေးကို စိုက်ကြည့်နေစဉ် ရုတ်တရက် ထိုနှုတ်ခမ်းပါးလေး၏ဖမ်းစားမှုကို ခံစားလိုက်ရသည်။ အဲ့နှုတ်ခမ်းလေးကို မြည်းစမ်းကြည့်ချင်လိုက်တာ။ ကျွန်မ တံတွေးမျိုချ၍ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ အခု ကျွန်မစိတ်တွေ ဘာလို့ပြင်းထန်နေရတာပါလိမ့်။

"နင် အဆင်ပြေရဲ့လား Pany?" သူမ ကျွန်မပါးနှစ်ဘက်ကိုကိုင်လိုက်သည်၊ ကျွန်မမျက်နှာပေါ်မှာ သွေးရောင်လွှမ်းနေမှာကို ကျွန်မ ခံစားလို့ရသည်။

My Mate (Translation) 《Z & U 》Where stories live. Discover now