Revealed (Unicode)

328 19 0
                                    

Taeyeon's Pov

**ငါ သူမကို mark လုပ်ဖို့ စိတ်လှုပ်ရှားနေပြီ**ဟု Toothlessက မြူးထူးစွာပြောသည်။ သူမ တင်ကိုတွန့်လိမ်၍လျှောက်နေသည်ကို ကျွန်မ မသိချင်ယောင်ဆောင်၍ အကြည့်လွှဲနေလိုက်သည်။

"ဘာလဲ၊ နင် Toothlessနဲ့ ပြောနေတာလား?" ဟု Tiffanyက မေးသည်။ ကျွန်မတို့ စြင်္ကံလမ်းတွင် လက်ချင်းတွဲ၍ လျှောက်လာကြသည်၊ ကျောင်းတက်ခေါင်းလောင်းထိုးပြီးပြီဖြစ်၍ အပြင်၌မည်သူမျှမရှိ။ ဒီနေ့ ကျောင်းဆင်းပြီးသွားလျင် Tiffanyက ကျွန်မရဲ့တရားဝင် mate ဖြစ်လာတော့မည်။

ကျွန်မ ခေါင်းညိတ်၍ "She's a dork." ဒီတစ်ခါတော့ Toothlessက မသိချင်ယောင်ဆောင်လေသည်။ သူရဲ့ကြောင်တောင်တောင်အမူအရာကို ကျွန်မ သဘောကျသည်။

ထိုစဉ် ကျွန်မ ရုတ်တရက် မသတီစရာကောင်းသောအနံ့တစ်မျိုးရလိုက်သည်။ Nickက ကျွန်မတို့သွားမယ့်လမ်းကို ဘဝမြင့်နေသောမျက်နှာဖြင့် ပိတ်ရပ်နေသည်။ ကျက်သရေတုံးလိုက်တာ။ သူက ကျွန်မတို့ကို ခနဲ့ပြုံးပြုံး၍ ကြည့်နေသည်။ **ငါ သူ့ကို အခုပဲသတ်လိုက်ရမလား** ဟု Toothlessက မေးသည်။

"နင် ဘာလိုချင်လို့လဲ။ ငါတို့ အတန်းနောက်ကျနေပြီ။ ဖယ်စမ်း!!" ဟု ကျွန်မ ပြောလိုက်သည်။ သူ့ကိုမြင်တာနှင့် ဒေါသတွေအလိပ်လိုက်ထွက်လာတာကတော့ ကျွန်မလည်း မတတ်နိုင်။ ကျွန်မတို့လက်ကို Nickက ခပ်ကြမ်းကြမ်းဖြုတ်၍ Tiffanyကို သူ့ဘက်သို့ဆွဲသွားသည်။

"နင် ဒါ ဘာလုပ်တာလဲ" ဟု ကျွန်မ စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်သည်။ ဒီကောင် ငါ့စိတ်ကို လာဆွနေတာပဲ။

**ငါ့တာဝန်ထားလိုက်။ ငါ ကိုက်ပစ်လိုက်မယ်။ ရာရာစစ....ငါ့Panyလက်ကို ကိုင်တယ်ပေါ့လေ!!** Toothless ဒေါသတကြီးဖြင့် မာန်ဖီလေသည်။ သူက ကျွန်မထက်တောင် ပို၍သဝန်တိုနေသေးသည်။

Tiffany လက်ကို အတင်းဆွဲဖြုတ်သော်လည်း Nickက သူမကိုမလွှတ်ပေး။ "Nick...ငါ့ကိုလွှတ်..."

"ဟန်ဆောင်နေတာ ရပ်လိုက်တော့ Tiffany, ငါ နင့်အစီအစဉ်ကို သိတယ်" ဟု Nickက ပြောလိုက်တော့ Tiffany သွေးမရှိတော့သလို ဖြူဖတ်ဖြူရော်ဖြစ်ကာ ဒယီးဒယိုင်ဖြစ်သွားသည်။

My Mate (Translation) 《Z & U 》Where stories live. Discover now